Connect with us

Hi, what are you looking for?

News

NUG ကဓါတ်အားဖြန့်ဖြူး​ရေးဌာနမှ အရာထမ်း ၂၀၀ ​​ကျော်ကိုထုတ်ပယ်

မန္တလေး ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အမူဆောင်အရာရှိချုပ်ဦးမြင့်သူအပါအဝင် အရာထမ်း ၃၉ယောက်တို့ပါဝင်သည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဓာတ်အားဖြန့်ဖြူးရေးဌာန သုံး ခုမှ အရာထမ်း ၂၀၀ကျော်ကို နိုင်ငံဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကယမန်နေ့ကထုတ်ပြန်လိုက်သည်။

လျှပ်စစ်ဓာတ်အားခများကို အတင်းအဓမ္မကောက်ခံခြင်းနှင့် ပြည်သူလူထုအကျိုးစီးပွား ထိခိုက်စေရန် ဓာတ်အားဖြတ်တောက်ခြင်းကိုကို စစ်ကောင်စီ ယန္တရားလည်ပတ်နိုင်ရန် အားပေးကူညီနေခြင်းကြောင့်ဖြစ်သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထုတ်ပယ်သည့်အရာထမ်းများတွင် တနိုင်ငံကို ဓာတ်အားဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးမိုးသက်အပါအဝင် အရာထမ်း ၆၈ယောက်လည်းပါဝင်သည်။

ရန်ကုန်မြို့တွင် ဓာတ်အားဖြန့်ဖြူးပေးနေသည့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ၁ ဦးမင်းစိန်နှင့်အဖွဲ့ဝင် ၃ ဦးစံဌေးအပါအဝင် အရာထမ်း ၉၇ယောက်လည်းပါဝင်သည်ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

မန္တလေး ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အမူဆောင်အရာရှိချုပ်ဦးမြင့်သူအပါအဝင် အရာထမ်း ၃၉ယောက်တို့ပါဝင်သည်။

၎င်းတို့သည် ဌာနအသီးသီးမှ CDMဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအိမ်ရာများမှ နှင်ထုတ်ခြင်းနှင့် ပြည်သူ့အစိုးရက ပြန်ဆပ်ရန်မလိုဟု ထုတ်ပြန်ထားသည့် ၂လစာချေးငွေများကို ပြန်လည်တောင်းခံခြင်းတို့ ဆောင်ရွက်နေခြင်းကြောင့်ဟု NUGကဆိုသည်။

“ဖေဖော်ဝါရီ အစမှ လက်သုံးချောင်းထောင် CDMဆိုင်းဘုတ်ကိုင် ဓာတ်ပုံရိုက်ခဲ့ပြီး ခေါင်းဆောင်လိုလိုဘာလိုလိုလုပ်ခဲ့တဲ့ သူတွေက အခုလို ထိပ်ဆုံးက နာမည်ပျက်အသွင်းခံရတာ ဝမ်းသာပါတယ်”ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက CDMဝန်ထမ်းတစ်ဦးကပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီ ယန္တယားလည်ပတ်နိုင်ရေးတွက် ထောက်တိုင်ပြုလုပ်နေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်းဝန်ထမ်း ၇၀၀ ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရာထူးမှ ထုတ်ပယ်ထားပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။