Connect with us

Hi, what are you looking for?

LuduNwayOo

News

NUG ကဓါတ်အားဖြန့်ဖြူး​ရေးဌာနမှ အရာထမ်း ၂၀၀ ​​ကျော်ကိုထုတ်ပယ်

မန္တလေး ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အမူဆောင်အရာရှိချုပ်ဦးမြင့်သူအပါအဝင် အရာထမ်း ၃၉ယောက်တို့ပါဝင်သည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဓာတ်အားဖြန့်ဖြူးရေးဌာန သုံး ခုမှ အရာထမ်း ၂၀၀ကျော်ကို နိုင်ငံဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကယမန်နေ့ကထုတ်ပြန်လိုက်သည်။

လျှပ်စစ်ဓာတ်အားခများကို အတင်းအဓမ္မကောက်ခံခြင်းနှင့် ပြည်သူလူထုအကျိုးစီးပွား ထိခိုက်စေရန် ဓာတ်အားဖြတ်တောက်ခြင်းကိုကို စစ်ကောင်စီ ယန္တရားလည်ပတ်နိုင်ရန် အားပေးကူညီနေခြင်းကြောင့်ဖြစ်သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထုတ်ပယ်သည့်အရာထမ်းများတွင် တနိုင်ငံကို ဓာတ်အားဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးမိုးသက်အပါအဝင် အရာထမ်း ၆၈ယောက်လည်းပါဝင်သည်။

ရန်ကုန်မြို့တွင် ဓာတ်အားဖြန့်ဖြူးပေးနေသည့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ၁ ဦးမင်းစိန်နှင့်အဖွဲ့ဝင် ၃ ဦးစံဌေးအပါအဝင် အရာထမ်း ၉၇ယောက်လည်းပါဝင်သည်ကို​တွေ့ရသည်။

မန္တလေး ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အမူဆောင်အရာရှိချုပ်ဦးမြင့်သူအပါအဝင် အရာထမ်း ၃၉ယောက်တို့ပါဝင်သည်။

၎င်းတို့သည် ဌာနအသီးသီးမှ CDMဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအိမ်ရာများမှ နှင်ထုတ်ခြင်းနှင့် ပြည်သူ့အစိုးရက ပြန်ဆပ်ရန်မလိုဟု ထုတ်ပြန်ထားသည့် ၂လစာချေးငွေများကို ပြန်လည်တောင်းခံခြင်းတို့ ဆောင်ရွက်နေခြင်းကြောင့်ဟု NUGကဆိုသည်။

Public Service Announcement

Public Service Announcement

“ဖေဖော်ဝါရီ အစမှ လက်သုံးချောင်းထောင် CDMဆိုင်းဘုတ်ကိုင် ဓာတ်ပုံရိုက်ခဲ့ပြီး ခေါင်းဆောင်လိုလိုဘာလိုလိုလုပ်ခဲ့တဲ့ သူတွေက အခုလို ထိပ်ဆုံးက နာမည်ပျက်အသွင်းခံရတာ ဝမ်းသာပါတယ်”ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက CDMဝန်ထမ်းတစ်ဦးကပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီ ယန္တယားလည်ပတ်နိုင်ရေးတွက် ထောက်တိုင်ပြုလုပ်နေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်းဝန်ထမ်း ၇၀၀ ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရာထူးမှ ထုတ်ပယ်ထားပြီးဖြစ်သည်။