Connect with us

Hi, what are you looking for?

News

အကူအညီလိုအပ်သူများအား ပို၍ထောက်ပံ့ပေးနိုင်ရေးသည် အဓိကဦးစားပေးလုပ်ငန်းဖြစ်ဟု WFP ဆို

မြန်မာနိုင်ငံရှိ ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစားခဲ့ရသော မိသားစုများနှင့် အကူအညီလိုအပ်သောသူများကို သွားရောက်ကူညီခွင့် စဥ်ဆက်မပြတ်ရရှိရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိကြောင်း ဖော်ပြထားသည်။

(စစ်​ဘေး​ရှောင်ပြည်သူများကို WFP က​ကူညီထောက်ပံ့​နေစဥ် ။ဓါတ်ပုံ- UNမြန်မာ)

အကြမ်းဖက်ဖြစ်ရပ်များကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ အကူအညီလိုအပ်သောသူများထံ ယခုထက်ပို၍ အထောက်အပံ့များ တိုးမြှင့် ပေးအပ်နိုင်ရေးသည် ၂၀၂၂ ခုနှစ်အတွက် အဓိကဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည်ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစားခဲ့ရသော မိသားစုများနှင့် အကူအညီလိုအပ်သောသူများကို သွားရောက်ကူညီခွင့် စဥ်ဆက်မပြတ်ရရှိရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိကြောင်း ဖော်ပြထားသည်။

(စစ်​ဘေး​ရှောင်ပြည်သူများကို WFP က​ကူညီထောက်ပံ့​နေစဥ် ။ဓါတ်ပုံ- UNမြန်မာ)

WFP သည် ချင်းပြည်နယ် မင်းတပ်မြို့ နှင့် ပလက်ဝမြို့နယ်၊ မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့၊ ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအချို့တို့ရှိ ပဋိပက္ခဖြစ်ပွားမှုများကြောင့် ထိခိုက်ခဲ့ရသောသူများနှင့် အခြားထိခိုက်လွယ်သော မိသားစုများအား လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာအထောက်အပံ့များအား တိုက်ရိုက်ပေးအပ်နိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

WFP သည် ဒီဇင်ဘာလနှောင်းပိုင်းတွင် မင်းတပ်မြို့ရှိ နေရပ်စွန့်ခွာခဲ့ရသူဦးရေ (၅၀၀) ကျော်အား နှစ်လစာ စားနပ်ရိက္ခာအထောက်အပံ့များ ပေးအပ်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့တွင် ခေတ္တပြောင်းရွှေ့နေထိုင်နေသော မင်းတပ်မှနေရပ်စွန့်ခွာလာခဲ့ရသူဦးရေ (၉၀၀) ကျော်အား နှစ်လစာ ဆန်ရိက္ခာအထောက်အပံ့များ ပေးအပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

(စစ်​ဘေး​ရှောင်ပြည်သူများကို WFP က​ကူညီထောက်ပံ့​နေစဥ် ။ဓါတ်ပုံ- UNမြန်မာ)

အလားတူ ချင်းပြည်နယ်တွင်ပင် WFP အနေဖြင့် ပလက်ဝမြို့ရှိ လူဦးရေ (၅,၄၀၀) နှင့် မီးဇာရွာရှိ လူဦးရေ (၉၀၀) တို့အားလည်း လစဉ်ငွေကြေးအထောက်အပံ့များကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလအစောပိုင်းတွင် ပေးအပ်နိုင်ခဲ့သည်ဟုဆိုသည်။သိူ့​သော် ကူညီ​ထောက်ပံ့မှု​ပေးအပ်​သော​​ဒေသများမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊​ဒေသခံကာကွယ်​ရေးအဖွဲ့များစိုးမိုးထား​သော ​ဒေသများရှိ ဒုက္ခသည်များလား ၊အာဏာသိမ်းစစ်​ကောင်စီ စိုးမိုး​နေ​သော​​ဒေသရှိ ဒုက္ခသာ်များလာဆိုသည်ကို အ​သေးစိတ်​ဖော်ပြထားခြင်းမရှိ​ပေ။ စစ်​ဘေးဒုက္ခသည်အများစုမှာ အကြမ်းဖက်စစ်​ကောင်စီ ၏ရန်ကို ​ကြောက်ရွံ့ကြသဖြင့် ​​ဒေသခံအဖွဲ့များစိုးမိုး​သော​တော​တောင်များတွင်အဓိကခိုလှုံတိမ်း​ရှောင်​နေကြရသည်။

(စစ်​ဘေး​ရှောင်ပြည်သူများကို WFP က​ကူညီထောက်ပံ့​နေစဥ် ။ဓါတ်ပုံ- UNမြန်မာ)

၀၂၁ ခုနှစ်နှောင်းပိုင်းတွင် WFP သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာခဲ့ရသူ (၃,၀၀၀) ကျော်ကိုလည်း စားနပ်ရိက္ခာအထောက်အပံ့များ ကူညီပေးနိုင်ခဲ့သည်ဟုဆိုသည်။ သိ

ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသရှိ ထိခိုက်လွယ်သူ လူဦးရေပေါင်း (၆,၈၀၀) ကျော်ကိုလည်း ဆန်ရိက္ခာ အထောက်အပံ့များ ပေးအပ်ခဲ့သည်ဟုပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ဝမ်းရေးအကျပ်အတည်း ပိုမိုဆိုးရွားလာနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီကနေ့(ဩဂုတ် ၂၀ ရက်)မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကရေဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်​နေပြီလို့ဒီနေ့ ဩဂုတ်လ ၁၃ရက်မှာကြေငြာလိုက်ပြီး အကူအညီတွေ မျှတဖို့ ​ရေဘေးသင့်ပြည်သူတွေက တောင်းဆိုပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မြန်မာနိုင်ငံတဝန်းပိုမိုဆိုးရွားလာတဲ့စားနပ်ရိက္ခာအကျပ်အတည်းကိုရင်ဆိုင်ရာမှာအထောက်အကူဖြစ်ဖို့အတွက်ဥရောပသမဂ္ဂ(EU)ကယူရိုငွေ ၈ သန်းကိုထောက်ပံ့ကူညီလာတယ်လို့ ကုလသမဂ္ဂရဲ့ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ်(WFP) ဒီနေ့ ( မေလ ၁၈ )မှာထုတ်ပြန်ပါတယ်။