Connect with us

Hi, what are you looking for?

သတင်း

ယောဒေသမှာ စစ်ရှောင်ပြည်သူတစ်သောင်းကျော်အကူအညီ​တွေလိုအပ်​နေ

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

(စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ ဓါတ်ပုံ-​ယောအလင်းတန်း)

ဇွန်-၁၅၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

စစ်တပ်ဟာမကွေးတိုင်းဆောမြို့နယ် ကျောက်ထု – လောင်းရှည်၊ ကျောက်ထု – ပေါက်နဲ့ ကျောက်ထု – ကံကြီး လမ်းပိုင်းရှိလူနေကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေသလို ကျောက်ထုတပ်ကနေလည်း လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်လှမ်းပစ်နေတယ်လို့ ဆိုပါတယ်။

“စစ်ဘေးရှောင်တွေက တိုးလာနေတာ တသောင်းကျော်ရှိတော့မယ်။ ဟိုရွာ၊ ဒီရွာနေကြတာဆိုတော့ အရေအတွက် အတိအကျက သိဖို့ခက်တယ်။ သူတို့ ပိတ်မိနေတဲ့သဘောဆိုတော့ စားနပ်ရိက္ခာလည်း တအားခက်ခဲတယ်။ ရရင် တောင် စျေးက အရမ်းကြီးတော့ ဝယ် စားဖို့အခက်ခဲရှိကြတယ်” လို့ စစ်​ဘေး​ရှောင်​တွေကို ကူညီ​နေတဲ့ယောဒေသခံလူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စားနပ်ရိက္ခာအခက်အခဲကြုံနေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ဒေသခံလူမှုကူညီရေးလုပ်နေသူတွေနဲ့ ဒေသခံတော်လှန်ရေးတပ်တွေက နိုင်သလောက် ကူညီထောက်ပံ့ပေးနေပေမယ့် လုံလောက်မှုမရှိဘူးလို့သူကဆက်ပြောပါ တယ်။

လက်ရှိမှာအာဏာသိမ်းစစ်တပ်ဟာ ဆောမြို့ပေါ်၊ ကံကြီး၊ လောင်းရှည်ရွာတို့မှာအထိုင်ချထားပြီးအဲဒီကနေလမ်းတလျှောက် အရပ်သားလူနေကျေးရွာတွေကို စစ်ကြောင်းထိုးနေကာ ဒေသခံတော်လှန်ရေးတပ်တွေနဲ့လည်း မကြာခဏတိုက်ပွဲတွေ ရှိနေပါတယ်။

“တိုက်ပွဲတွေလည်းရှိတယ်။ လက်နက်ကြီးကတော့နေ့တိုင်းပစ်တာပဲ၊အခုလည်း ပစ်နေတယ်။ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်သွားတော့ စစ်ရှောင်တွေဆို ပိုပြီး အခက်အခဲဖြစ်သွားရတယ်” လို့ယောဒေသခံတော်လှန် ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်ရဲ့စစ်ကြောင်းထိုး၊လက်နက်ကြီးပစ်ခတ်မှုကြောင့် ရေယဉ်၊ ကံချောင်း၊ နသိုး၊ တပြင်း၊ ရေရှင်၊ ကံကြီးစတဲ့ ကျေးရွာပေါင်း ၃၀ နီးပါးမှပြည်သူတွေတိမ်းရှောင်နေကြရပါတယ်။ စစ်​ရှောင်ပြည်သူ​တွေဟာ နီးစပ်ရာ ဆွေမျိုး၊ အသိနေအိမ် တွေ၊ ဘာသာရေးအဆောက်အဦးတွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။

“သူတို့ကတအားခက်ခဲကြတယ်။ စစ်ကြောင်းထိုးလာချိန် ရုတ်တရက် ပြေးလာကြရတော့ ဘာမှလည်း ယူလာဖို့မ ရခဲ့ကြတဲ့သူတွေ များတယ်။ကိုယ့်အိမ်မှာကိုယ်နေတဲ့သူတွေတောင် အခုအခြေအနေကြောင့်ခက်ခဲနေကြတာ လေ။ စစ်ရှောင်တွေဆို ငတ်တဲ့သူတွေတောင် ရှိတယ်” လို့ ဆောမြို့နယ်မှာ နေထိုင်တဲ့ ကုန်သည်တဦးက ပြောပြပါ တယ်။

မကွေးတိုင်းကျောက်ထုမှာ အခြေစိုက်ထားတဲ့စစ်တပ်ဟာ ကျောက်ထုမြို့ကနေ ပေါက်မြို့နယ်၊မင်းတပ်မြို့နယ်တို့ဘက်ဆီ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွား နေပါတယ်။စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်၊ တိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။

Facebook