Connect with us

Hi, what are you looking for?

News

လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်အမျိုးမျိုး အပြီးတိုင်ဖယ်ရှားမည်ဟု NUG ကတိပြု

ထိုသို့သော အချိန်ကာလဖြစ်သည့်အားလျော်စွာ အမျိူးသားညီညွတ်‌ရေးအစိုးရက ကရင်ပြည်သူလူထုများနှင့်အတူ အာဏာရှင်စနစ်ကိုအမြစ်ဖြတ်ချေမှုန်းနိုင်မည့် တော်လှန်ရေးအတွက် ကျရာနေရာတွင် အားဖြည့်ပါဝင်ပေးကြပါမည်ဟု အလေးအနက်ကတိပြုကြောင်း ဖော်ပြသည်။

(ဖားအံခရိုင် တပ်မဟာ (၇)ဌာနချုပ်၌ (၇၃)နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကျင်းပနေစဥ်။ Photo - KIC)

စစ်အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်အမျိုးမျိုးတို့ကို အပြီးတိုင်ဖယ်ရှား၍ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဆီသို့ ကရင်လူမျိုးများအပါအဝင် တိုင်းရင်းသားညီနောင်အားလုံးနှင့်အတူ တော်လှန်ရေးစိတ်ဓါတ်အပြည့်ဖြင့် လျှောက်လှမ်းချီတက်သွားမည်ဖြစ်ကြောင်း ကတိ သစ္စာပြုသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကရင်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့သည်။

ကရင်တော်လှန်ရေးကာလအတွင်း ကရင်လူမျိုးတို့၏ လွတ်လပ်ရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး၊ တရားမျှတရေးနှင့် ကရင့်ကြမ္မာကရင်ဖန်တီးနိုင်ရေးအတွက် ငြိမ်းချမ်းစွာညှိနှိုင်း တောင်းဆိုခဲ့သော်လည်း အာဏာရှင်များက အကြမ်းဖက်နှိမ်နှင်းခဲ့သဖြင့်မလွှဲမရှောင်သာ ခုခံတိုက်ပွဲဝင်ခဲ့သော ကော်ခိုစောဘဦးကြီး နှင့်တကွကျဆုံးသွားသော ကရင့်အာဇာနည်ခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များ ၊ ကရင်ပြည်သူများအားသမိုင်းမှတ်တမ်းတင်ဂုဏ်ပြုကြောင်း ဖော်ပြသည်။

ယနေ့မျက်မှောက်အချိန်ကာလသည် အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝအာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးကို ဦးတည်လျက် ကရင်ပြည်သူများအပါအဝင် တစ်နိုင်ငံလုံးအတွက်အရေးကြီးသော အချိန်ကာလ ဖြစ်သည်ဟု ဆိုသည်။

ထိုသို့သော အချိန်ကာလဖြစ်သည့်အားလျော်စွာ အမျိူးသားညီညွတ်‌ရေးအစိုးရက ကရင်ပြည်သူလူထုများနှင့်အတူ အာဏာရှင်စနစ်ကိုအမြစ်ဖြတ်ချေမှုန်းနိုင်မည့် တော်လှန်ရေးအတွက် ကျရာနေရာတွင် အားဖြည့်ပါဝင်ပေးကြပါမည်ဟု အလေးအနက်ကတိပြုကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ပြည်ထောင်စုတဝှမ်းလုံးရှိ အပြစ်မဲ့ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်နှင့် ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ၊ အင်အားအလွန်အကျွံသုံး၍ မြေပြင်နှင့် လေကြောင်း စစ်ဆင်ရေးများဖြင့် အရပ်သားပြည်သူလူထုများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ စသည့် လုပ်ရပ်များ ချက်ခြင်းရပ်တန့်စေရန်နှင့်တာဝန်ရှိသူများ တာဝန်ယူမှုအပြည့်အဝရှိစေရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ၌ ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။