Connect with us

Hi, what are you looking for?

News

မုံရွာ-​ကျောက္ကာလမ်း မိုင်းထိသောကားမှာ စစ်တပ်​ထောက်ခံပွဲအကြို့အပို့ကားဖြစ်​​နေ

တိုက်ခိုက်ခဲ့ပြီးချိန်တွင် မြို့တော်ခန်းမမှ Mark 2 ခဲရောင်ကားဖြင့် အရာရှိကိုယ်တိုင် သွားရောက်ကြည့်ရှု့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(မိုင်းထိ့ခဲ့​သော ခရီးသည်တင်ကားဟန်​ဆောင်၍ စစ်တပ်​ထောက်ခံပွဲ အကြိုအပို့လုပ်ခဲ့​သောကား။ ဓါတ်ပုံ-MRG)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် မိုင်းဆွဲခံရသောကားမှာ ခရီးသည်တင်ကားမဟုတ်ဘဲ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲအကြိုအပို့ယာဥ်ဖြစ်ကြောင်း Monywa Ranger Groupက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၂၉ မိနစ်အချိန်က မုံရွာခရိုင်တပ်ရင်း(၂)မှ တပ်ခွဲ-၁ Monywa Ranger Group / Truth Army မှ ကျောက္ကာ-မုံရွာ ကားလမ်းမကြီးတွင် ခရီးသွားပြည်သူပုံစံ ပုံမှားရိုက်နေသော အကြမ်းဖက်စစ်တပ်၏ ခရီးသည်တင်မှန်လုံတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယင်းကားပေါ်တွင် တပ်မတော်ချစ်သူအဖွဲ့မှ (၄)ဦး မိုင်းစထိမှန်ခဲ့ပြီး ကားမှာလည်း ပျက်စီးသွားခဲ့ကြောင်း Monywa Ranger Groupက အသိပေးသည်။

မိုင်းဆွဲရခြင်းအကြောင်းမှာ ထိုမှန်လုံကားသည် မိုင်းမဆွဲခင်အချိန်ထိ ထိုလမ်းပေါ်တွင် နှစ်ကြိမ်တိတိဖြတ်သန်းသွားလာနေခဲ့ပြီး ပထမအကြိမ်တွင် ပြည်သူများထင်၍ သွားလာခွင့်ပြုခဲ့ကြောင်း၊ ဒုတိယအကြိမ်တွင်မူ သံသယရှိ၍ မုံရွာခရိုင်တပ်ရင်း(၂)၏ အထူးစုံစမ်းရေးအဖွဲ့ဆီသို့ ဆက်သွယ်ပြီး အတည်ပြုချက်အရ ၎င်းကားမှာ မုံရွာအားကစားကွင်းတွင် ပြုလုပ်နေသော အကြမ်းဖက်စစ်တပ်ထောက်ခံပွဲသို့ အကြိုအပို့လုပ်နေသည့် ကားဖြစ်နေသည့်အတွက် တတိယအ​ကြိမ် ဖြတ်သန်းသွားလာ​သောအခါ ပဒေသာမိုင်း (၄)လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Monywa Ranger Group က အသိပေးသည်။

တိုက်ခိုက်ခဲ့ပြီးချိန်တွင် မြို့တော်ခန်းမမှ Mark 2 ခဲရောင်ကားဖြင့် အရာရှိကိုယ်တိုင် သွားရောက်ကြည့်ရှု့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်ပြုလုပ်နေစဉ် အိုရှင်းစူပါစင်တာအနီး စစ်ကောင်စီတပ်သားများရှိနေသော မြဝတီဘဏ်ရှေ့ရှိ ဘန်ကာကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် အာဇာနည်လမ်းအသောကကျောင်းအနီး၊ကျောက္ကာလမ်း(မော်ကွန်းရှင်အနီး)နှင့်အမှတ်၂ရဲစခန်းတို့ကိုလည်း အသံဗုံးများ ဖောက်ခွဲကာ အကြမ်းဖက်စစ်ကောင်စီတပ်အား ခြောက်လှန့်ခဲ့ကြောင်း အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။