Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့မီးရထားလုပ်ငန်းမှ ဦး​ဆောင်ညွန်ကြား​ရေးမှူးအပါအဝင်အရာရှိ ၄၉ ဦးကိုအမည်ပျက်စာရင်း​ကြေညာထုတ်ပယ်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထားလုပ်ငန်းမှ အထက်ပါဝန်ထမ်းများကို အမည်ပျက်စာရင်းသွင်းလိုက်ပြီးဝန်ထမ်းအဖြစ်မှထုတ်ပစ် (Dismiss)လိုက်သည်ဟုပါရှိသည်။

မြန်မာ့မီးရထားလုပ်ငန်းမှ ဦးဆောင်ညွန့်ကြားရေးမှူး အပါအဝင် အရာရှိ ၄၉ ဦးကို အမည်ပျက်စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်မှာထုတ်ပယ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ယနေ့ထုတ်ပြန်လိုက်သည်။

၎င်းတို့သည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏လက်အောက်တွင် တာဝန်ထမ်းဆောင်နေ ပြီး CDM ဝန်ထမ်းများကို ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ် ပစ်ခြင်း၊ ဝန်ထမ်းများအတွက် အရပ်သားအစိုးရလက်ထက်က ထုတ်ပေးခဲ့သည့် ချေးငွေများကို အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများ စသည့် အမျိုးမျိုးသောဖိနှိပ်မှုများကိုကျူးလွန်နေခြင်းကြောင့်ဖြစ်သည်ဟု​ဖော်ပြထားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထားလုပ်ငန်းမှ အထက်ပါဝန်ထမ်းများကို အမည်ပျက်စာရင်းသွင်းလိုက်ပြီးဝန်ထမ်းအဖြစ်မှထုတ်ပစ် (Dismiss)လိုက်သည်ဟုပါရှိသည်။

“အခုထုတ်ပစ်တဲ့အထဲမှာ CDMဝန်ထမ်းတွေကို ဖိအားပေးနေတဲ့ လူတွေကျန်သေးတယ်၊ မြန်မြန်အရေးယူစေချင်တယ်”ဟု မီးရထား CDMဝန်ထမ်းတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

NUGကထုတ်ပြန်သည့်မီးရထားဝန်ထမ်းများတွင်ဦးဆောင်
ညွန့်ကြားရေးမှူး ဦးအောင်မျိုးမြင့်ပါဝင်ပြီး၎င်းကိုစစ်ကောင်စီကခန့်အပ်ထားခြင်းဖြစ်သည်။

ထိုအပြင် အထွေထွေမန်နေဂျာများဖြစ်သည့် ဦးညီညီထွေး၊ ဦးမြင့်စိုး၊ ဦးအောင်ကျော်နိုင်၊ ဒေါ်သီသီနွယ်၊ ဦးစိုင်းသော်လင်းနှင့် ဦးနေမျိုးအေးတို့လည်းပါဝင်သည်။

၎င်းတို့ကို အကြမ်းဖက် စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်ပဲ ဓမ္မဘက်မှရပ်တည်၍ ပြည်သူနှင့်တသားတည်းဖြစ် စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ် ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်သည်ဟု NUGက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

‘ဝ’ ပြည်နယ် ဆောက်လုပ်ရေးဌာနမှူးဟောင်း ပေါက်အိုက်ပန်းနှင့် မိုင်းလင်းခရိုင်မှူးဟောင်း အိုက်ဟော့တို့ကို UWSA ကဖမ်း၀ရမ်းထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

အဆိုပါစစ်ဆင်ရေးကို Chauk Guerrilla Force(CGF)နှင့် ချောက်ပကဖ၊ မကွေးခရိုင်အမှတ်၂တပ်ရင်း၊ Burma Revolution Rangers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။