Connect with us

Hi, what are you looking for?

News

မ​ကွေးတိုင်းမှရဲနှစ်ဦး CDM ပြုလုပ်ကာ ပြည်သူနှင့်ပူး​ပေါင်း

ရဲတပ်သားနှစ်ဦးအား နွေးထွေးစွာကြိုဆို၍ ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ထားပြီး ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်)တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့သည်ဟု YDFကအသိပေးသည်။

မကွေးတိုင်းအတွင်းမှရဲတပ်သားနှစ်ဦး CDM ပြုလုပ်ကာ YDF (​ဆော ၊ ​ကျောက်ထု) တွင်ခိုလှုံလာခဲ့ကြောင်း​ယော​ဒေသကာကွယ်​ရေးတပ် YDFက ယနေ့ (ဖေဖော်ဝါရီ ၃ ရက်)တွင် ထုတ်ပြန်သည်။

CDM ရဲတပ်သားနှစ်ဦးသည် ဖေဖော်ဝါရီလ (၁) ရက်တွင် တာဝန်မှရပ်နားပြီးနောက်ပြည်သူ့ရင်ခွင်သို့ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု ​ဖော်ပြထားသည်။

ရဲတပ်သားနှစ်ဦးအား နွေးထွေးစွာကြိုဆို၍ ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ထားပြီး ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်)တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့သည်ဟု YDFကအသိပေးသည်။

နောက်နောင်တွင် စစ်လက်နှက်အပြည့်အစုံ(Full Equipment) နှင့်တကွ ဝင်ရောက်လာပါက ထိုက်တန်သောဆုကြေးငွေကိုပေးအပ်၍ ယခုလို လွတ်မြောက်နယ်မြေသို့ ရောက်ရှိအောင် ပို့ ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း YDF (Saw&Kyaukhtu) အဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

၂၀၂၂ ခုနှစ် ဇန်နဝါရီ လအထိ CDM ပြုလုပ်၍ ပြည်သူနှင့်ပူး​ပေါင်းလာ​သောရဲနှင့် စစ် သားများမှာ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် တစ်​သောင်း​ကျော် ရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။