Connect with us

Hi, what are you looking for?

News

မုံရွာမှတပ်ကူလာ​သောစစ်​ကောင်စီတပ်ကား မြင်းမူတွင်မိုင်းဆွဲခံရ သုံးဦးထက်မနည်း​သေနိုင်ဟု MMPDFထုတ်ပြန်

မြင်းမူPDF နှင့်မဟာမိတ်အဖွဲ့ဝင်တပ်များသည် ဖေဖော်ဝါရီလ ၁ရက်နေ့မှယနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်အားခုခံတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည် ။ယနေ့နံနက်ပိုင်းက မြင်းမူမြို့နယ် ဂုံညင်းဆိတ်ရဲစခန်းအား ဝင်ရောက်စီးနင်းခဲ့သည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မုံရွာမှတပ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ကားများကို မိုင်းဆွဲတိုက်ခိုက်ရာစစ်​ကောင်စီတပ်သား သုံးဦးထက်မနည်းသေဆုံးနိုင်ကြောင်း မြင်းမူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီလ ၃ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်က မြင်းမူမြို့နယ်၊ မကျီးကန်ရွာတွင် ဝင်ရောက်စီးနင်း အကြမ်းဖက်နေသော စစ်​ကောင်စီတပ်များထံ မုံရွာဘက်မှ ကင်ဒါကား၃ စီးဖြင့် တပ်ကူလာသည့် အရပ်ဝတ်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကန်ဖျားဇရပ်
နှင့် ပျော့ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နောက်ဆုံးတစ်စီးမှာ မြောက်တက်သွားပြီး ပျက်စီးသွားခဲ့ကြောင်း​​ဖော်ပြထားသည်။ ကားပေါ်ပါလာသော စစ်​ကောင်စီတပ်သား ၆ ဦးမှာပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ၃ ယောက်ထက်မနည်းသေဆုံးနိုင်သည်ဟု မြင်းမူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

အဆိုပါစစ်ဆင်ရေးအား မြင်းမူPDF မှ ဦးဆောင်၍ Black Eagle Defence Force – MMU၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ Myin Mu Defence Force၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOMစသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ ထိခိုက်ကျဆုံးခြင်းမရှိကြောင်း MMUPDFက သတင်းထုတ်ပြန်သည်။

မြင်းမူPDF နှင့်မဟာမိတ်အဖွဲ့ဝင်တပ်များသည် ဖေဖော်ဝါရီလ ၁ရက်နေ့မှယနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်အားခုခံတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည် ။ယနေ့နံနက်ပိုင်းက မြင်းမူမြို့နယ် ဂုံညင်းဆိတ်ရဲစခန်းအား ဝင်ရောက်စီးနင်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။