Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာမှတပ်ကူလာ​သောစစ်​ကောင်စီတပ်ကား မြင်းမူတွင်မိုင်းဆွဲခံရ သုံးဦးထက်မနည်း​သေနိုင်ဟု MMPDFထုတ်ပြန်

မြင်းမူPDF နှင့်မဟာမိတ်အဖွဲ့ဝင်တပ်များသည် ဖေဖော်ဝါရီလ ၁ရက်နေ့မှယနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်အားခုခံတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည် ။ယနေ့နံနက်ပိုင်းက မြင်းမူမြို့နယ် ဂုံညင်းဆိတ်ရဲစခန်းအား ဝင်ရောက်စီးနင်းခဲ့သည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မုံရွာမှတပ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ကားများကို မိုင်းဆွဲတိုက်ခိုက်ရာစစ်​ကောင်စီတပ်သား သုံးဦးထက်မနည်းသေဆုံးနိုင်ကြောင်း မြင်းမူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီလ ၃ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်က မြင်းမူမြို့နယ်၊ မကျီးကန်ရွာတွင် ဝင်ရောက်စီးနင်း အကြမ်းဖက်နေသော စစ်​ကောင်စီတပ်များထံ မုံရွာဘက်မှ ကင်ဒါကား၃ စီးဖြင့် တပ်ကူလာသည့် အရပ်ဝတ်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကန်ဖျားဇရပ်
နှင့် ပျော့ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နောက်ဆုံးတစ်စီးမှာ မြောက်တက်သွားပြီး ပျက်စီးသွားခဲ့ကြောင်း​​ဖော်ပြထားသည်။ ကားပေါ်ပါလာသော စစ်​ကောင်စီတပ်သား ၆ ဦးမှာပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ၃ ယောက်ထက်မနည်းသေဆုံးနိုင်သည်ဟု မြင်းမူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

အဆိုပါစစ်ဆင်ရေးအား မြင်းမူPDF မှ ဦးဆောင်၍ Black Eagle Defence Force – MMU၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ Myin Mu Defence Force၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOMစသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ ထိခိုက်ကျဆုံးခြင်းမရှိကြောင်း MMUPDFက သတင်းထုတ်ပြန်သည်။

မြင်းမူPDF နှင့်မဟာမိတ်အဖွဲ့ဝင်တပ်များသည် ဖေဖော်ဝါရီလ ၁ရက်နေ့မှယနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်အားခုခံတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည် ။ယနေ့နံနက်ပိုင်းက မြင်းမူမြို့နယ် ဂုံညင်းဆိတ်ရဲစခန်းအား ဝင်ရောက်စီးနင်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။