စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အရပ်ဝတ်ဖြင့်ဆိုင်ကယ်စီးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ၆ရက်) ညနေ ၅ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊မုံရွာမြို့ ထန်းတောအင်းစပ် ကန်ပတ်လမ်းတွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာသော စစ်ကောင်စီတပ်သားနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်ကြောင်းမုံရွာနယ်မှ ချင်းတွင်းရိုးမသတင်းစာမျက်နှာက ဖော်ပြသည်။
“အင်းစပ်အမှိုက်ပုံနားလေးမှာ ဆိုင်ကယ်CZIလေးနဲ့ အရပ်သားအသွင်ယူထားတာ၊တစ်ယောက်ကရဲ နောက်တစ်ယောက်ကစစ်သား၊နှစ်ဦးစလုံးသေနတ်နှင့်ပစ်ခံရတာ၊အမှိုက်ပုံထဲမှာ သေနေကြတာ”ဟု ဒေသခံတစ်ဦးက ချင်းတွင်းရိုးမစာမျက်နှာသို့ ဖြေကြားထားသည်။
စစ်သားတစ်ယောက်နှင့်ရဲတစ်ယောက်အား သုတ်သင်ရှင်းလင်းခဲ့ကြောင်း Monywa The Boys အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ပြည်သူ့ကျိန်စာဆူးကာ ပြန်လည်ခံစားကြစေရန် ရည်ရွယ်ပြီး “ငါတို့ဘက်မှာ ဘယ်လိုမှငြင်းမရတဲ့ အမှန်တရားဆိုတာကြီးက ရပ်တည်နေတယ်။” ဟု Monywa The Boys အဖွဲ့က အသိပေးသည်။