Connect with us

Hi, what are you looking for?

News

မုံရွာတွင် အရပ်ဝတ်ဖြင့်ဆိုင်ကယ်စီးလာ​သောစစ်​ကောင်စီတပ်သားနှစ်ဦး ​သေနတ်ဖြင့်ပစ်သတ်ခံရ

“အင်းစပ်အမှိုက်ပုံနားလေးမှာ ဆိုင်ကယ်CZIလေးနဲ့ အရပ်သားအသွင်ယူထားတာ၊တစ်ယောက်ကရဲ နောက်တစ်ယောက်ကစစ်သား၊နှစ်ဦးစလုံးသေနတ်နှင့်ပစ်ခံရတာ၊အမှိုက်ပုံထဲမှာ သေနေကြတာ”ဟု ဒေသခံတစ်ဦးက ချင်းတွင်းရိုးမစာမျက်နှာသို့ ဖြေကြားထားသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အရပ်ဝတ်ဖြင့်ဆိုင်ကယ်စီးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံများက ​ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ၆ရက်) ညနေ ၅ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊မုံရွာမြို့ ထန်းတောအင်းစပ် ကန်ပတ်လမ်းတွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာသော စစ်ကောင်စီတပ်သားနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်ကြောင်းမုံရွာနယ်မှ ချင်းတွင်းရိုးမသတင်းစာမျက်နှာက ဖော်ပြသည်။

“အင်းစပ်အမှိုက်ပုံနားလေးမှာ ဆိုင်ကယ်CZIလေးနဲ့ အရပ်သားအသွင်ယူထားတာ၊တစ်ယောက်ကရဲ နောက်တစ်ယောက်ကစစ်သား၊နှစ်ဦးစလုံးသေနတ်နှင့်ပစ်ခံရတာ၊အမှိုက်ပုံထဲမှာ သေနေကြတာ”ဟု ဒေသခံတစ်ဦးက ချင်းတွင်းရိုးမစာမျက်နှာသို့ ဖြေကြားထားသည်။

စစ်သားတစ်ယောက်နှင့်ရဲတစ်ယောက်အား သုတ်သင်ရှင်းလင်းခဲ့ကြောင်း Monywa The Boys အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ပြည်သူ့ကျိန်စာဆူးကာ ပြန်လည်ခံစားကြစေရန် ရည်ရွယ်ပြီး “ငါတို့ဘက်မှာ ဘယ်လိုမှငြင်းမရတဲ့ အမှန်တရားဆိုတာကြီးက ရပ်တည်နေတယ်။” ဟု Monywa The Boys အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။