Connect with us

Hi, what are you looking for?

News

မုံရွာ၊ မြင်းမူနှင့် အရာတော်မြို့နယ်အတွင်းရှိ လမ်းပိုင်းများ ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထုတ်ပြန်

စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-မန္တလေးလမ်းအပါအဝင် အဆိုပါလမ်းပိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ကားများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။

(ယခင်လပိုင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တိုက်ပွဲဖြစ်ပွားနေ၍ စောင့်ဆိုင်းနေသောယာဥ်များ၊ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း မုံရွာ၊ မြင်းမူနှင့် အရာတော်မြို့နယ်အတွင်းရှိ လမ်းပိုင်းများအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီလ ၁၄ ရက်) ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုှုရှားမှုတစ်စုံတစ်ရာပြုလုပ်မည်ဟု သတင်းရသောကြောင့် မုံရွာ-မန္တလေးလမ်း၊ ထီးဆောင်း-နောင်ကြီးအိုင်လမ်း၊ အလ္လကပ္ပ-တောချောင်းဦးလမ်းနှင့် အခြားသော မြင်းမူမြို့နယ်အတွင်းရှိ လမ်းပိုင်းများအား မိမိတို့ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ကြေညာချက်တစ်စုံတစ်ရာထပ်မံ မထုတ်မပြန်မခြင်း အရေးပေါ်ကျန်းမာရေးအခြေအနေမှလွဲ၍ ဖြတ်သန်းသွားလာအသုံးပြုခြင်း မပြုလုပ်ကြပါရန် ဒေသခံကာကွယ်ရေးအဖွဲ့များမှ အထူးသတိပေးမေတ္တာရပ်ခံကြောင်း အသိပေးထားသည်။

ပြည်သူများ၏ လုံခြုံရေးအတွက်ဖြစ်ပါ၍ လေးစားလိုက်နာပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်ဟု ရေးသားထားသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-မန္တလေးလမ်းအပါအဝင် အဆိုပါလမ်းပိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ကားများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။