Connect with us

Hi, what are you looking for?

News

မန္တလေး သင်ပန်းကုန်းရပ်ကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ပိတ်ဆို့ စစ်ဆေးနေ

သင်ပန်းကုန်းရပ်ကို အဓိကဝင်ထွက်တဲ့ ၄၉လမ်း၊ ၁၂၀လမ်းတို့ကိုအသွားအလာကန့်သတ်ထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မန္တလေးမြို့မှာ လှည့်လည်နေတဲ့စစ်ကောင်စီယာဉ်တန်း ( ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ သင်ပန်းကုန်းရပ် က ရပ်ကွက်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီနေ့မနက်ပိုင်းက ပိတ်ဆို့လိုက်ပြီး ရှာဖွေစစ်ဆေးတာတွေလုပ်နေပါတယ်။

သင်ပန်းကုန်းရပ်ကွက် ကိုမနက် ၇ နာရီလောက်ကစတင်ပြီး အင်အားအလုံးအရင်းနဲ့ ဝင်မွှေနေတာဖြစ်ပြီး အဝင်အထွက် လမ်းတွေကို လည်း ပိတ်ဆို့ထားတယ်လို့သိရပါတယ်။

သင်ပန်းကုန်းရပ်ကို အဓိကဝင်ထွက်တဲ့ ၄၉လမ်း၊ ၁၂၀လမ်းတို့ကိုအသွားအလာကန့်သတ်ထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တစ်အိမ်တက်ဆင်း မိသားစုဝင်ဦးရေနဲ့ သန်းကောင်စာရင်းတိုက်ဆိုင်စစ်ဆေးနေတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း စစ်ကောင်စီဟာ မန္တလေးရှိ စိန်ပန်းရပ်၊ အောင်သာယာရပ်ကွက်တို့မှာလည်း ပိတ်ဆို့ပြီး ရှာဖွေတာတွေပြုလုပ်ခဲ့ပါသေးတယ်။

စိန်ပန်းရပ်ကိုပထမအကြိမ် ရှာဖွေစဉ်က လူ၃၀ဦးထက်မနည်းကိုဖမ်းသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။