Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေး သင်ပန်းကုန်းရပ်ကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ပိတ်ဆို့ စစ်ဆေးနေ

သင်ပန်းကုန်းရပ်ကို အဓိကဝင်ထွက်တဲ့ ၄၉လမ်း၊ ၁၂၀လမ်းတို့ကိုအသွားအလာကန့်သတ်ထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မန္တလေးမြို့မှာ လှည့်လည်နေတဲ့စစ်ကောင်စီယာဉ်တန်း ( ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ သင်ပန်းကုန်းရပ် က ရပ်ကွက်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီနေ့မနက်ပိုင်းက ပိတ်ဆို့လိုက်ပြီး ရှာဖွေစစ်ဆေးတာတွေလုပ်နေပါတယ်။

သင်ပန်းကုန်းရပ်ကွက် ကိုမနက် ၇ နာရီလောက်ကစတင်ပြီး အင်အားအလုံးအရင်းနဲ့ ဝင်မွှေနေတာဖြစ်ပြီး အဝင်အထွက် လမ်းတွေကို လည်း ပိတ်ဆို့ထားတယ်လို့သိရပါတယ်။

သင်ပန်းကုန်းရပ်ကို အဓိကဝင်ထွက်တဲ့ ၄၉လမ်း၊ ၁၂၀လမ်းတို့ကိုအသွားအလာကန့်သတ်ထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တစ်အိမ်တက်ဆင်း မိသားစုဝင်ဦးရေနဲ့ သန်းကောင်စာရင်းတိုက်ဆိုင်စစ်ဆေးနေတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း စစ်ကောင်စီဟာ မန္တလေးရှိ စိန်ပန်းရပ်၊ အောင်သာယာရပ်ကွက်တို့မှာလည်း ပိတ်ဆို့ပြီး ရှာဖွေတာတွေပြုလုပ်ခဲ့ပါသေးတယ်။

စိန်ပန်းရပ်ကိုပထမအကြိမ် ရှာဖွေစဉ်က လူ၃၀ဦးထက်မနည်းကိုဖမ်းသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။