Connect with us

Hi, what are you looking for?

LuduNwayOo

News

မီး​ဘေးသင့်ရွာသုံးရွာမှပြည်သူများအတွက် PRA ကကျပ်၆၉ သိန်းပြန်လည်လှူဒါန်း

မြိုင်မြို့နယ်ရှိမီး​ဘေးသင့်​ကျေးရွာတစ်ရွာမှ စစ်​ဘေး၊မီး​ဘေးသင့်အိမ်​ထောင်စု ၁၆ စုကို တစ်အိမ်​ထောင်လျှင် ကျပ်နှစ်သိန်းနှူန်းစီဖြင့်လှူထားသည်ကိုလည်းအလှူမှတ်တမ်းဓါတ်ပုံတွင်​တွေ့ရသည်။

(မီး​ဘေးသင့်ပြည်သူများကို ပြန်လည်လှူဒါန်း​နေစဥ်။ ဓါတ်ပုံ-PRA)

အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွား​သော​​ကျေးရွာသုံးရွာမှ မီး​ဘေးသင့်ပြည်သူများအတွက်ကျပ် ၆၉ သိန်းကို ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)မှ ပြန်လည်လှူဒါန်းခဲ့​ကြောင်း ယ​နေ့(​ဖေ​ဖော်ဝါရီ ၂၅)ရက်တွင်သတင်းထုတ်ပြန်သည်။

“စကစ(စစ်​​ကောင်စီတပ်) မှ အိမ်တွေမီးရှို့သွားသည့်အပြင် စပါးတွေပါမီးရှို့ဖျက်ဆီးခဲ့သည်။ ကျွန်တော်တို့ ထမင်းတနပ်လျော့စားပြီး ပြည်သူသို့ တတ်နိုင်သလောက်ပြန်လည်ကူပါသည်။ကျွန်တော်တို့ထမင်းငတ်တာ အရေးမကြီးပါဘူး ပြည်သူတွေထမင်းငတ်မှာ ပိုကြောက်ပါတယ်” ဟု PRAက လှူဒါန်းမှုမှတ်တမ်းဓါတ်ပုံ ၃ ပုံဖြင့်​ဖော်ပြထားသည်။

(မီး​ဘေးသင့်ပြည်သူများကို ပြန်လည်လှူဒါန်း​နေစဥ်။ ဓါတ်ပုံ-PRA)

မြိုင်မြို့နယ်ရှိမီး​ဘေးသင့်​ကျေးရွာတစ်ရွာမှ စစ်​ဘေး၊မီး​ဘေးသင့်အိမ်​ထောင်စု ၁၆ စုကို တစ်အိမ်​ထောင်လျှင် ကျပ်နှစ်သိန်းနှူန်းစီဖြင့်လှူထားသည်ကိုလည်းအလှူမှတ်တမ်းဓါတ်ပုံတွင်​တွေ့ရသည်။

PRA သည်စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင်အဓိကအ​ခြေစိုက်၍ အကြမ်းဖက်စစ်​ကောင်စီတပ်များကိုခုခံ​​တော်လှန်တိုက်ခိုက်​နေသလို ၊စစ်ကိုင်းတိုင်းရှိအခြားမြို့နယ်များ ၊မ​ကွေးတိုင်းရှိ အချို့မြို့နယ်များတွင်လည်း မဟာမိတ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေသည်ကို တိုက်ပွဲသတင်းထုတ်ပြန်ချက်များအရသိ့ရသည်။