Connect with us

Hi, what are you looking for?

News

မီး​ဘေးသင့်ရွာသုံးရွာမှပြည်သူများအတွက် PRA ကကျပ်၆၉ သိန်းပြန်လည်လှူဒါန်း

မြိုင်မြို့နယ်ရှိမီး​ဘေးသင့်​ကျေးရွာတစ်ရွာမှ စစ်​ဘေး၊မီး​ဘေးသင့်အိမ်​ထောင်စု ၁၆ စုကို တစ်အိမ်​ထောင်လျှင် ကျပ်နှစ်သိန်းနှူန်းစီဖြင့်လှူထားသည်ကိုလည်းအလှူမှတ်တမ်းဓါတ်ပုံတွင်​တွေ့ရသည်။

(မီး​ဘေးသင့်ပြည်သူများကို ပြန်လည်လှူဒါန်း​နေစဥ်။ ဓါတ်ပုံ-PRA)

အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွား​သော​​ကျေးရွာသုံးရွာမှ မီး​ဘေးသင့်ပြည်သူများအတွက်ကျပ် ၆၉ သိန်းကို ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)မှ ပြန်လည်လှူဒါန်းခဲ့​ကြောင်း ယ​နေ့(​ဖေ​ဖော်ဝါရီ ၂၅)ရက်တွင်သတင်းထုတ်ပြန်သည်။

“စကစ(စစ်​​ကောင်စီတပ်) မှ အိမ်တွေမီးရှို့သွားသည့်အပြင် စပါးတွေပါမီးရှို့ဖျက်ဆီးခဲ့သည်။ ကျွန်တော်တို့ ထမင်းတနပ်လျော့စားပြီး ပြည်သူသို့ တတ်နိုင်သလောက်ပြန်လည်ကူပါသည်။ကျွန်တော်တို့ထမင်းငတ်တာ အရေးမကြီးပါဘူး ပြည်သူတွေထမင်းငတ်မှာ ပိုကြောက်ပါတယ်” ဟု PRAက လှူဒါန်းမှုမှတ်တမ်းဓါတ်ပုံ ၃ ပုံဖြင့်​ဖော်ပြထားသည်။

(မီး​ဘေးသင့်ပြည်သူများကို ပြန်လည်လှူဒါန်း​နေစဥ်။ ဓါတ်ပုံ-PRA)

မြိုင်မြို့နယ်ရှိမီး​ဘေးသင့်​ကျေးရွာတစ်ရွာမှ စစ်​ဘေး၊မီး​ဘေးသင့်အိမ်​ထောင်စု ၁၆ စုကို တစ်အိမ်​ထောင်လျှင် ကျပ်နှစ်သိန်းနှူန်းစီဖြင့်လှူထားသည်ကိုလည်းအလှူမှတ်တမ်းဓါတ်ပုံတွင်​တွေ့ရသည်။

PRA သည်စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင်အဓိကအ​ခြေစိုက်၍ အကြမ်းဖက်စစ်​ကောင်စီတပ်များကိုခုခံ​​တော်လှန်တိုက်ခိုက်​နေသလို ၊စစ်ကိုင်းတိုင်းရှိအခြားမြို့နယ်များ ၊မ​ကွေးတိုင်းရှိ အချို့မြို့နယ်များတွင်လည်း မဟာမိတ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေသည်ကို တိုက်ပွဲသတင်းထုတ်ပြန်ချက်များအရသိ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။