Connect with us

Hi, what are you looking for?

News

မုံရွာတွင် စစ်​ကောင်စီတပ်များနှင့်အ​နီးကပ်​နေထိုင်ခြင်း၊ စစ်​ဆေး​ရေးဂိတ်များအနီး သွားလာခြင်းများမပြုရန် မြို့ပြ​ပြောက်ကျားအဖွဲ့များ အ​ရေး​ပေါ်သတိ​ပေး

မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား မြို့ပြပြောက်ကျားအဖွဲ့များက ခုခံတိုက်ခိုက်နေကြပြီး စစ်ကောင်စီဘက်မှလည်းပြည်သူလူထုအားမြို့တွင်းမြို့ပြင်ပိုက်စိပ်တိုက်ဖမ်းဆီးစစ်ဆေးအကြမ်းဖက်မှုများ နေ့စဥ်ပြုလုပ်နေသည်။

(မုံရွာမြို့ကို ​ဝေဟင်မှ မြင်​တွေ့ရစဥ်။ ဓါတ်ပုံ- MS)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်မည့်စစ်ဆ​င်ရေးများ ပြုလုပ်မည်ဖြစ်၍ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အနီးကပ်နေထိုင်ခြင်းနှင့်စစ်ဆေးရေးဂိတ်များအနီးသို့ သွားလာခြင်းမပြုရန် မုံရွာအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များက အရေးပေါ်သတိပေးချက်ထုက်ပြန်သည်။

မုံရွာအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များက ယနေ့ မတ်လ ၁ ရက်နေ့တွင် သတိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက်တွင် မဟာမိတ်အဖွဲ့များကယနေ နေ့လယ်ပိုင်းမှစတင်ကာ စစ်ဆင်ရေးများ ပြုလုပ်မည်ဖြစ်ပါသောကြောင့်မုံရွာမြို့နယ်အတွင်း စစ်သား၊ရဲသားများနှင့် အနီးကပ်နေခြင်း၊ စစ်ဆေးရေးနေရာများအာအသွားအလာ
မပြုလုပ်ရန် ယနေ့မွန်းလွဲ ၁ နာရီမှ စတင်ပြီး မုံရွာမြို့ ပြည်သူလူထုအား အရေးပေါ် အကြောင်းကြားအပ်ကြောင်း Unity Force Monywa က အသိပေးထားသည်။

အရေးပေါ်ကျန်းမာရေး ကားများမှလွဲ၍ မိမိတို့အိမ်တွင်းသာ အန္တရာယ်ကင်းကင်းနေပြီး အိမ်စီးကားများ မှန်ချ၍မောင်းနှင်ပါရန်နှင့်စစ်​ကောင်စီတပ်များနှင့်အနီးကပ်နေ၍ ထိခိုက်မှုများ မဖြစ်ပေါ်စေရန် မဟာမိတ်များမှ အထူးမေတ္တာရပ်ခံပန်ကြားလိုကြောင်း​ဖော်ပြထားသည်။ယခုထုတ်ပြန်ချက်အား လိုက်နာခြင်းမပြုဘဲ အသွားလာပြုလုပ်ခြင်းများ မိမိသဘောနှင့် သွားလာခဲ့၍ ထိခိုက်မှုများရှိခဲ့လျှင် ဖြေရှင်းချက်ထုက်ပြန်မည် မဟုတ်ကြောင်း ညီနောင်မဟာမိတ်များအဖွဲ့များက ဆိုသည်။

“မစ်ရှင်လေးတွေရှိတဲ့အတွက်ကြောင့် ပြည်သူလူထု မထိခိုက်အောင် ကြိုသတိပေးတာပါ။ ကျွန်တော်တို့တွေတားမြစ်ထားတဲ့အချိန် ဘယ်မှမသွားရင်တော့ ပြည်သူလူထုတွေ အန္တရာယ်ကင်းတာပေါ့။ တစ်ခုခုဖြစ်လာခဲ့ရင်တော့ တာဝန်ယူဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူးခင်ဗျ။ အဓိကကတော့ စစ်အာဏာရှင် ကျရှုံးဖို့ပါပဲ။”ဟု Unity Force Monywa အဖွဲ့တာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား မြို့ပြပြောက်ကျားအဖွဲ့များက ခုခံတိုက်ခိုက်နေကြပြီး စစ်ကောင်စီဘက်မှလည်းပြည်သူလူထုအားမြို့တွင်းမြို့ပြင်ပိုက်စိပ်တိုက်ဖမ်းဆီးစစ်ဆေးအကြမ်းဖက်မှုများ နေ့စဥ်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။