Connect with us

Hi, what are you looking for?

News

အီးမေးလ်တစ်စောင်ကိုအကြောင်းပြပြီး တရားစွဲထားတဲ့ ဦးမြအေးအမှုကို မတ်လ ၁၀ ရက်မှာအမိန့်ချမယ်

တရားရုံးမှာလျှောက်လဲချက်ပေးဖို့ ထွက်လာတဲ့ ဦးမြအေးဟာ အဖြူရောင် လည်ကတုံးလက်ရှည်အင်္ကျီကို ဝတ်ဆင်ထားပြီး ကျန်းမာရေးကောင်းမွန်ပုံရတယ်လို့ တွေ့မြင်လိုက်ရသူတစ်ဦးက လူထုနွေဦးသတင်းဌာနကို ပြောပြပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ နေ့ကတည်းက မတရားဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးကို လာမယ့်မတ်လ ၁၀ ရက်မှာ အပြီးသတ်အမိန့်ချတော့မယ်လို့သိရပါတယ်။

မနေ့က မတ်လ ၁ ရက် အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ ဦးမြအေးဟာ သူ့ကို စွဲဆိုထားတဲ့အမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပါတယ်။

တရားရုံးမှာလျှောက်လဲချက်ပေးဖို့ ထွက်လာတဲ့ ဦးမြအေးဟာ အဖြူရောင် လည်ကတုံးလက်ရှည်အင်္ကျီကို ဝတ်ဆင်ထားပြီး ကျန်းမာရေးကောင်းမွန်ပုံရတယ်လို့ တွေ့မြင်လိုက်ရသူတစ်ဦးက လူထုနွေဦးသတင်းဌာနကို ပြောပြပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းတဲ့မနက်အစောပိုင်းမှာ ဦးမြအေးကို ဖမ်းဆီးသွားခဲ့တာပါ။ အဲဒီနောက် လွန်ခဲ့တဲ့ ရှစ်နှစ်က တရုတ်နိုင်ငံသားတစ်ဦးဆီ ပို့ခဲ့တဲ့ အီးမေးလ်တစ်စောင်ကိုအကြောင်းပြုကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ဂ)နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီပုဒ်မဟာ လူမျိုးအချင်းချင်းကိုဖြစ်စေ ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကိုဖြစ်စေ ၊တစ်ဖက်နဲ့တစ်ဖက် ပြစ်မှုကျုးလွန်အောင်လှုံဆော်ရာ ရောက်တယ်ဆိုတဲ့ကိစ္စတွေမှာ စွဲဆိုတဲ့ပုဒ်မမျိုးဖြစ်ပါတယ်။

ဒါအပြင် ထောင်ဒဏ် ၂ နှစ်ထိ ချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

ဦးမြအေးကတော့ သူ့မှာအပြစ်မရှိကြောင်း တရားခွင်မှာ ထုချေထားပါတယ်။

ဖမ်းဆီးခံထားရတဲ့တစ်နှစ်ကျော်ကြာအချိန်အတွင်း ဦးမြအေးဟာ ကျန်းမာရေး ထိခိုက်လာတဲ့အတွက် ဆေးရုံတက်ရောက်ကုသမှုခံခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် သမ္မတရာထူး မရယူခင်တစ်ရက်အလိုမှာပဲ ရိုဟင်ဂျာ​တွေအ​ပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တရားစွဲဆိုမယ်လို့ Myanmar Accountability Project ကသတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ရထားပေါ်မှာရေတွေထွေးထုတ်ခဲ့လို့လူပြောများခဲ့တဲ့အမျိုးသမီးကို စင်ကာပူမှာ အများပြည်သူ အနှောင့်အယှက် ဖြစ်စေမှုနဲ့ တရားစွဲဆိုထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်ပ သွင်းကုန် အခွန်အခတွေ မြှင့်တင် သတ်မှတ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဆန့်ကျင်တဲ့ အနေနဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရက အမေရိကန် ဖက်ဒရယ် အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။