Connect with us

Hi, what are you looking for?

News

မုံရွာ-အမြင့်လမ်း​ဘေးရှိ ​လောင်းကစားဝိုင်းများ ပိတ်သိမ်းရန် ​​ဒေသတွင်းညီ​နောင်မဟာမိတ် ၁၀ဖွဲ့ သတိ​ပေး

Monywa Lightning PDF အဖွဲ့အပါအဝင် ညီနောင်မဟာမိတ်(၅)ဖွဲ့သည် ဖေဖော်ဝါရီ၂၆ရက် နံနက်ပိုင်းက မုံရွာ-အမြင့်လမ်းသို့ ဆင်းလာပြီး CDMဆရာမတစ်ဦးနေအိမ်အား ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ပြန်လာခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-အမြင့်လမ်းဘေးရှိ လောင်းကစားဝိုင်းများအားလုံး ပိတ်သိမ်းရန် ဒေသတွင်းအခြေစိုက်ညီနောင်မဟာမိတ် ၁၀ဖွဲ့က သတိပေးတားမြစ်ချက်ထုတ်ပြန်သည်။

မုံရွာ-အမြင့်လမ်းဘေးရှိ ပြည်သူများအနေဖြင့် ယခုချိန်မှစ၍ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ ဂျင်ဝိုင်းများ (လောင်းကစားဝိုင်းအားလုံး) မည်သူတစ်ဦးတစ်ယောက်မျှ မပြုလုပ်ကြရန် ကျွန်ုပ်တို့ ညီနောင်မဟာမိတ်(၁၀)ဖွဲ့မှ ယနေ့ (မတ်လ ၂ ရက်)တွင် သတိပေးတားမြစ်လိုက်ကြောင်း Monywa Lightning PDF အဖွဲ့က အသိပေးသည်။

ဤတားမြစ်ချက်အား မလိုက်နာပါက ပြင်းထန်စွာ အပြစ်ပေး အရေးယူခြင်းခံရမည်ဖြစ်ကြောင်း Monywa Lightning PDF အဖွဲ့က ထပ်မံ သတိပေးသည်။

“ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေချိန်မှာ ဒီလိုလောင်းကစားဝိုင်းတွေက တော်တော်ဆိုးနေတယ်ဗျ။ နောက်ပြီး လောင်းကစားဝိုင်းကြီးလာရင် စကစကို လိုင်းကြေးပေးရတော့မှာပဲလေ ။ဒီတော့ စကစ​ထောက်တိုင်မဖြစ်သေးခင် ရပ်တန့်စေချင်လို့ ပိတ်ပင်လိုက်ရတာဖြစ်တယ်”ဟု Monywa Lightning PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Monywa Lightning PDF အဖွဲ့အပါအဝင် ညီနောင်မဟာမိတ်(၅)ဖွဲ့သည် ဖေဖော်ဝါရီ၂၆ရက် နံနက်ပိုင်းက မုံရွာ-အမြင့်လမ်းသို့ ဆင်းလာပြီး CDMဆရာမတစ်ဦးနေအိမ်အား ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ပြန်လာခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။