Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာ-အမြင့်လမ်း​ဘေးရှိ ​လောင်းကစားဝိုင်းများ ပိတ်သိမ်းရန် ​​ဒေသတွင်းညီ​နောင်မဟာမိတ် ၁၀ဖွဲ့ သတိ​ပေး

Monywa Lightning PDF အဖွဲ့အပါအဝင် ညီနောင်မဟာမိတ်(၅)ဖွဲ့သည် ဖေဖော်ဝါရီ၂၆ရက် နံနက်ပိုင်းက မုံရွာ-အမြင့်လမ်းသို့ ဆင်းလာပြီး CDMဆရာမတစ်ဦးနေအိမ်အား ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ပြန်လာခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-အမြင့်လမ်းဘေးရှိ လောင်းကစားဝိုင်းများအားလုံး ပိတ်သိမ်းရန် ဒေသတွင်းအခြေစိုက်ညီနောင်မဟာမိတ် ၁၀ဖွဲ့က သတိပေးတားမြစ်ချက်ထုတ်ပြန်သည်။

မုံရွာ-အမြင့်လမ်းဘေးရှိ ပြည်သူများအနေဖြင့် ယခုချိန်မှစ၍ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ ဂျင်ဝိုင်းများ (လောင်းကစားဝိုင်းအားလုံး) မည်သူတစ်ဦးတစ်ယောက်မျှ မပြုလုပ်ကြရန် ကျွန်ုပ်တို့ ညီနောင်မဟာမိတ်(၁၀)ဖွဲ့မှ ယနေ့ (မတ်လ ၂ ရက်)တွင် သတိပေးတားမြစ်လိုက်ကြောင်း Monywa Lightning PDF အဖွဲ့က အသိပေးသည်။

ဤတားမြစ်ချက်အား မလိုက်နာပါက ပြင်းထန်စွာ အပြစ်ပေး အရေးယူခြင်းခံရမည်ဖြစ်ကြောင်း Monywa Lightning PDF အဖွဲ့က ထပ်မံ သတိပေးသည်။

“ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေချိန်မှာ ဒီလိုလောင်းကစားဝိုင်းတွေက တော်တော်ဆိုးနေတယ်ဗျ။ နောက်ပြီး လောင်းကစားဝိုင်းကြီးလာရင် စကစကို လိုင်းကြေးပေးရတော့မှာပဲလေ ။ဒီတော့ စကစ​ထောက်တိုင်မဖြစ်သေးခင် ရပ်တန့်စေချင်လို့ ပိတ်ပင်လိုက်ရတာဖြစ်တယ်”ဟု Monywa Lightning PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Monywa Lightning PDF အဖွဲ့အပါအဝင် ညီနောင်မဟာမိတ်(၅)ဖွဲ့သည် ဖေဖော်ဝါရီ၂၆ရက် နံနက်ပိုင်းက မုံရွာ-အမြင့်လမ်းသို့ ဆင်းလာပြီး CDMဆရာမတစ်ဦးနေအိမ်အား ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ပြန်လာခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

သတင်း

နိုဝင်ဘာ ၂၄ ရက်က ဗောဓိတစ်ထောင်ဘက်ရှိ စစ်ကောင်စီစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ၍ စစ်ကူလာသည့် ယာဥ်များအား အပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။