Connect with us

Hi, what are you looking for?

LuduNwayOo

News

ကန်ပက်လက်မှလာသည့် စစ်ကောင်စီတပ် ဆောမြို့နယ်တွင် တိုက်ခိုက်ခံရ၍ ၁၀ဦးခန့်သေ

အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကား ၁၆ စီးဖြင့်ဆင်းလာရာ ဆောမြို့နယ်တွင် ယောဒေသကာကွယ်ရေးတပ်(YDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(YDF​ ၏ အထူးကွန်မန်ဒိုတပ်သားများအား ​တွေ့ရစဥ်)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မကွေးတိုင်း ဆောမြို့နယ် ဆွဲလွဲကျင်းကျေးရွာအနီး၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးခန့်​သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကား ၁၆ စီးဖြင့်ဆင်းလာရာ ဆောမြို့နယ်တွင် ယောဒေသကာကွယ်ရေးတပ်(YDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ဒီနေ့သူတို့၁၀ယောက်လောက်ကျသွားတယ်။ချင်းပြည်နယ် ကန်ပက်လက်နယ်ကနေ လောင်းရှည်ဘက်ကိုဆုတ် လာတာ။ အဲဒါဆောမြို့နယ်ဆွဲလွဲကျင်း ဘက်မှာ အပြန်အလှန်ပစ်ခတ်တာ”ဟု ဒေသကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဆွဲလွဲကျင်းကျေးရွာမှ ဒေသခံများကိုဖမ်းဆီးပြီးကားဘေးမှ လမ်းလျှောက်ခိုင်းကာ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်၏စစ်ကြောင်းသည် လောင်းရှည်၌ ညအိပ်ရပ်နားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆောမြို့နယ် ကျောက်ထုဒေသတွင်လည်း ယနေ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သင်တန်းဆင်းပွဲတစ်ခုပြုလုပ်ရန်ပြင်ဆင်နေရာစစ်ကောင်စီတပ် ရောက်ရှိလာ၍ သင်တန်းသားများရှောင်တိမ်းခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

“ သင်တန်းဆင်းဖို့လုပ်နေတာမနက်၈နာရီခွဲမှာသင်တန်း ဆင်းပွဲလုပ်မှာ။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေသင်တန်းဆင်းပွဲလုပ်မယ့် အချိန်မှာ ၇နာရီခွဲလောက်မှာစစ်ကားတွေ တက်လာတာ”ဟု ၎င်းက ပြောသည်။

အပြန်အလှန် ပစ်ခတ်မှု မဖြစ်ခဲ့သော်လည်း စစ်ကောင်စီတပ်က စခန်း၌ကျန်ခဲ့သည့် အိပ်ယာလိပ်နှင့်ဆိုင်ကယ်များမီးရှို့ခဲ့သည်ဟုသိရကြောင်း၊ အရေအတွက်အတိအကျမသိရကြောင်း ကာကွယ်ရေးတပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။