Connect with us

Hi, what are you looking for?

News

ကန်ပက်လက်မှလာသည့် စစ်ကောင်စီတပ် ဆောမြို့နယ်တွင် တိုက်ခိုက်ခံရ၍ ၁၀ဦးခန့်သေ

အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကား ၁၆ စီးဖြင့်ဆင်းလာရာ ဆောမြို့နယ်တွင် ယောဒေသကာကွယ်ရေးတပ်(YDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(YDF​ ၏ အထူးကွန်မန်ဒိုတပ်သားများအား ​တွေ့ရစဥ်)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မကွေးတိုင်း ဆောမြို့နယ် ဆွဲလွဲကျင်းကျေးရွာအနီး၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးခန့်​သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကား ၁၆ စီးဖြင့်ဆင်းလာရာ ဆောမြို့နယ်တွင် ယောဒေသကာကွယ်ရေးတပ်(YDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ဒီနေ့သူတို့၁၀ယောက်လောက်ကျသွားတယ်။ချင်းပြည်နယ် ကန်ပက်လက်နယ်ကနေ လောင်းရှည်ဘက်ကိုဆုတ် လာတာ။ အဲဒါဆောမြို့နယ်ဆွဲလွဲကျင်း ဘက်မှာ အပြန်အလှန်ပစ်ခတ်တာ”ဟု ဒေသကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဆွဲလွဲကျင်းကျေးရွာမှ ဒေသခံများကိုဖမ်းဆီးပြီးကားဘေးမှ လမ်းလျှောက်ခိုင်းကာ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်၏စစ်ကြောင်းသည် လောင်းရှည်၌ ညအိပ်ရပ်နားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆောမြို့နယ် ကျောက်ထုဒေသတွင်လည်း ယနေ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သင်တန်းဆင်းပွဲတစ်ခုပြုလုပ်ရန်ပြင်ဆင်နေရာစစ်ကောင်စီတပ် ရောက်ရှိလာ၍ သင်တန်းသားများရှောင်တိမ်းခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

“ သင်တန်းဆင်းဖို့လုပ်နေတာမနက်၈နာရီခွဲမှာသင်တန်း ဆင်းပွဲလုပ်မှာ။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေသင်တန်းဆင်းပွဲလုပ်မယ့် အချိန်မှာ ၇နာရီခွဲလောက်မှာစစ်ကားတွေ တက်လာတာ”ဟု ၎င်းက ပြောသည်။

အပြန်အလှန် ပစ်ခတ်မှု မဖြစ်ခဲ့သော်လည်း စစ်ကောင်စီတပ်က စခန်း၌ကျန်ခဲ့သည့် အိပ်ယာလိပ်နှင့်ဆိုင်ကယ်များမီးရှို့ခဲ့သည်ဟုသိရကြောင်း၊ အရေအတွက်အတိအကျမသိရကြောင်း ကာကွယ်ရေးတပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။