Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်ရှိ ​ကျေးရွာနှစ်ရွာကို စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ရွာလုံးကျွတ်နီးပါး မီး​လောင်

လယ်ယာရွာတွင် အိမ်ခြေ၂၄၀ကျော်ရှိသည့်အနက် အိမ်ပေါင်း ၂၁၀ခန့် မီးလောင်ပျက်စီးသွားခဲ့ပြီး လက်ပံလှရွာတွင်လည်း ရွာထက်ဝက်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ​ပြောသည်။

(လက်ပံရွာ မီးရှို့ခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-LZT)

မကွေးတိုင်း ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင် စီတပ်နှင့် ပျူစောထီးများက ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မတ်လ ၂ရက် ညပိုင်းက ပေါက်မြို့နယ် လယ်ယာရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ (မတ်လ ၃ ရက်) နံနက်ပိုင်းတွင်လည်း ပေါက်မြို့နယ် လက်ပံလှရွာကို အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဝင်ရောက်လာကာ မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

လယ်ယာရွာတွင် အိမ်ခြေ၂၄၀ကျော်ရှိသည့်အနက် အိမ်ပေါင်း ၂၁၀ခန့် မီးလောင်ပျက်စီးသွားခဲ့ပြီး လက်ပံလှရွာတွင်လည်း ရွာထက်ဝက်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ​ပြောသည်။

“လယ်ယာရွာက ရွာလုံးကျွတ်နီးပါးပဲ။ လက်ပံလှကတော့ ရှို့တာတော့တစ်ရွာလုံးနီးပါးပဲ။ဒါပေမဲ့ တစ်ဝက်နီးပါးလောက် မီးလောင်ပြာကျတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ၂၀၂၁ ဇွန်လအတွင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ပေါက်မြို့နယ် ကင်းမကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ပေါင်း ၂၄၀ခန့်ရှိသည့်အနက် ၁၅၀ကျော်မီးလောင်ပျက်စီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။