Connect with us

Hi, what are you looking for?

News

ဂန့်ဂေါနယ်လူထုကို အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်ကို YDFတိုက်ခိုက်

မတ်လ ၂ရက်တွင်လည်းဂန့်ဂေါမြို့အနီးတွင်အကြမ်းဖက်စစ်ကောင်စီနှင့်YDF တပ်ရင်း(၆) တပ်ခွဲ(၂)တို့တိုက်ပွဲဖြစ်ခဲ့ရာစစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး ​လေးဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

(YDFရဲ​ဘော်များကို ​တွေ့ရစဥ်)

▪️တိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့ဝင် ၆ဦးသေဟုဆို

ဂန့်ဂေါမြို့နယ်တွင် ကျေးရွာများကိုမီးရှို့ပြီး ကျေးရွာလူထုများကို အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်နေသည့် စစ်ကောင်စီနှင့်ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် ပျူစောထီးများသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ယောဒေသကာကွယ်ရေးတပ်(YDF)က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၈ရက်နှင့်မတ်လ ၂ ရက် တိုက်ပွဲဖြစ်စဉ်များကို YDFက ယမန်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ရက်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်းလယ်ကြီးကျေးရွာမှစန်းမြို့ရွာသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့်ပျူစောထီးများကိုYDFတပ်ရင်း(၁)မှခုခံတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားနှင့်ပျူစောထီး၅ဦးသေဆုံးခဲ့ပြီးဒဏ်ရာရသူများလည်းရှိခဲ့ ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂ရက်တွင်လည်းဂန့်ဂေါမြို့အနီးတွင်အကြမ်းဖက်စစ်ကောင်စီနှင့်YDF တပ်ရင်း(၆) တပ်ခွဲ(၂)တို့တိုက်ပွဲဖြစ်ခဲ့ရာစစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး ​လေးဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်ပျူစောထီးများသည်လတ်တလောတွင်ကျေးရွာများကိုမီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင် ကျွဲ၊နွားတိရိစ္ဆာန်များကိုသတ်ဖြတ်ယူဆောင်ခြင်း၊ ပြည်သူများ၏ အဖိုးတန်အိမ်တွင်း ပစ္စည်းများကိုခိုးယူခြင်း၊အပြစ်မဲ့အရပ်သားများကိုလူသားတံတိုင်းပြုလုပ် ကင်းစောင့်ခိုင်းခြင်း၊အပြစ်မဲ့ပြည်သူများကို လက်နောက်ပြန်ကြိုးတုပ်၍ အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခြင်း၊ ၎င်းတို့နှင့်မပူးပေါင်းလျင် ကျေးရွာ များကိုမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခြင်း စသည်တို့ကိုကျူးလွန်နေသည်ဟု YDFက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလကုန်ပိုင်းနှင့်မတ်လဆန်းတွင် ဂန့်ဂေါမြို့နယ် သင်တောရွာ၊ ရွေဘိုရွာ၊ကံတိုးရွာ၊စမ်းမြို့ရွာ နှင့်မြင်သားကုန်းရွာ တို့ကို ဝင်ရောက်ပြီးကျေးရွာများကို မီးရှို့ခြင်း၊လူထုပိုင်ပစ္စည်းများယူဆောင်ခြင်း၊ပြည်သူများကိုသတ်ဖြတ်ခြင်း၊ဖမ်းဆီးခြင်းလုပ်ဆောင်ခဲ့သည်ဟု ဂန့်ဂေါနယ်ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။