Connect with us

Hi, what are you looking for?

News

ကရင်နီတွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် အမျိုး သမီးများအတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြို ပြုလုပ်

စစ်ဘေးရှောင်နေရသည့် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ (မတ်လ ၅) ရက်က မြန်မာ့နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်စနစ်ကို ရဲရဲတောက် ဆန့်ကျင်နေကြသော အမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြို လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - News Light in Karenni

အဆိုပါ လှုပ်ရှားမှုကို ယနေ့ နံနက် ၈နာရီမှ နေ့လည် ၁၂ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

” ဒီလှုပ်ရှားမှုရဲ့အဓိကရည်ရွယ်ချက်ကတော့ စစ်ဘေးရှောင်နဲ့ ဒေသခံ အမျိုးသမီးတွေအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း ပြန်လည်ကုစားနိုင်ဖို့ရန်အပြင် အမျိုးသမီးဦးဆောင်မှုနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ခွန်အား ပြန်လည်မွေးဖွားနိုင်ပြီး ရောက်နေတဲ့နေရာမှာ ယုံကြည်မှု အပြည့်အ၀နဲ့ ဦးဆောင်မှုအခွင့်အရေးကို ယူထားနိုင်ဖို့ပါ “ဟု ဦး​ဆောင်လှုပ်ရှားခဲ့သူ ကျေးလက်မြေအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ မမူစဲက ပြောကြားခဲ့ကြောင်း News Light in Karenni က ထုတ်ပြန်သည်။

ဓာတ်ပုံ – News Light in Karenni

ယင်းအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ နောက်ခံ လှုပ်ရှားမှုသမိုင်း ပြောကြားခြင်း၊ မတူညီကွဲပြားမှုနှင့် ခွဲခြားဆက်ဆံခံရခြင်း အကြောင်း ဆွေးနွေးဖလှယ်ခြင်း၊ အားပေးစကားပြောကြားခြင်း၊ နွေဦးတော်လှန်ရေးတွင် ပါ၀င်ခဲ့ကြသော ဘာသာပေါင်းစုံမှ အမျိုးသမီး သူရဲကောင်းများအတွက် ဖယောင်းတိုင်ထွန်းဆုတောင်းခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အပြင် နွေဦးတော်လှန်ရေးတွင် နေရာအသီးသီးတွင် ပါ၀င်ခဲ့ကြသည့် အမျိုးသမီးများ၊ မိခင်များ၊CDM များ၊ ပြည်သူ့ကာကွယ်ရေး ရဲမေများနှင့် စစ်ဘေးရှောင် အမျိုးသမီးများကို အလေးပြုခြင်း၊ တက်ရောက်လာသော အမျိုးသမီးများရင်ဖွင့်ခြင်း၊ ရင်ထိုးပန်းများတပ်ဆင်ခြင်း၊ သီချင်းဆိုခြင်း၊ စုပေါင်း ကခုန်ခြင်းနှင့် ထမီ(လုံချည် )လက်ဆောင် ပေး၀ေခြင်း အစီအစဥ်များလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”