Connect with us

Hi, what are you looking for?

News

နွေဦး​တော်လှန်​ရေးတွင်မုံရွာ၌ ပထမဆုံးကျဆုံးခဲ့​သူများအုတ်ဂူမှ ကြယ်နှင့် ဓါတ်ပုံများဖျက်ဆီးခံရ

“ဂူမှာ ကပ်ထားတဲ့ပုံနဲ့ ဂူတစ်လုံးကကြယ်နီကိုဖျက်ဆီးတာဗျ။ ကြယ်ပါတာကတော့ ကဗျာဆရာကေဇ၀င်းအုတ်ဂူပါ။”ဟု မုံရွာဒေသခံတစ်ဦးက ပြောသည်။

(ဖျက်ဆီးခံထားရ​သောအုတ်ဂူများ ။ ဓါတ်ပုံ -MRI)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပထမဆုံးကျဆုံးခဲ့ရသူများ၏ အုတ်ဂူပေါ်မှကြယ်နှင့်ဓါတ်ပုံများ ဖျက်ဆီးခံရကြောင်း ဒေသခံများကပြောသည်။။

၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က မုံရွာမြို့တွင် အများပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြစဥ် အကြမ်းဖက်စစ်ကောင်စီတပ်မှ ရက်စက်စွာ ပစ်ခတ်ဖြိုခွင်းခဲ့ရာ ကဗျာဆရာကိုကေဇဝင်းအပါအဝင် အပြစ်မဲ့ ပြည်သူ၉ဦးကျဆုံး ခဲ့ပြီး ကျဆုံးသူရဲ​ကောင်းများ၏ အုတ်ဂူများတွင် ဓါတ်ပုံနှင့် ကြယ်များဂုဏ်ပြု ကပ်ထားသည်။သို့​သော် ယနေ့တွင် အဆိုပါ ၉ဦး၏ ဂူများတွင် ကပ်ထားသော ဓာတ်ပုံများနှင့်ကြယ်များ ဖျက်ဆီးခံထားရကြောင်း Monywa Roads Information က ရေးသားသည်။

(ဖျက်ဆီးခံထားရ​သောအုတ်ဂူများ ။ ဓါတ်ပုံ -MRI)

“ဂူမှာ ကပ်ထားတဲ့ပုံနဲ့ ဂူတစ်လုံးကကြယ်နီကိုဖျက်ဆီးတာဗျ။ ကြယ်ပါတာကတော့ ကဗျာဆရာကေဇ၀င်းအုတ်ဂူပါ။”ဟု မုံရွာဒေသခံတစ်ဦးက ပြောသည်။

အဆိုအုတ်ဂူများသို့ တစ်နှစ်ပြည့်မြောက်သည့် မတ်လ၃ ရက်နေ့က အများပြည်သူများ သွားရောက်ဂါရဝပြုခဲ့ကြသေးသည်။ ထိုသို့ အုတ်ဂူများမှ ကြယ်နှင့်ဓါတ်ပုံများဖျက်ဆီးခံရမှုမှာ အကြမ်းဖက်စစ်​ကောင်စီလက်ချက်ဟု​ဒေသခံအချို့ကမှတ်ချက်ပြုကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။