Connect with us

Hi, what are you looking for?

News

ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၏ အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲ အောင်မြင်စွာကျင်းပ

CNO၏ လက်အောက်ခံတပ်ဖြစ်သည့် CNDF တပ်ဖွဲ့သည် ချင်းပြည်နယ် ဖလမ်းနှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်များ၌ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်လျက်ရှိပြီး ယခုနှစ်ဆန်းပိုင်း၌ တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့သည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ၏ အထူး ကွန်မန်ဒိုသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို မတ်လ ၄ရက်က အောင်မြင်စွာ ကျင်းပခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ယနေ့ ထုတ်ပြန်လိုက်သည်။

CNO၏ လက်အောက်ခံတပ်ဖြစ်သည့် CNDF တပ်ဖွဲ့သည် ချင်းပြည်နယ် ဖလမ်းနှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်များ၌ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်လျက်ရှိပြီး ယခုနှစ်ဆန်းပိုင်း၌ တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့သည်။

CNDFနှင့် ဒေသတွင်း မဟာမိတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့၍ ဖေဖော်ဝါရီလအတွင်း CNDF ပါဝင်သည့် တိုက်ပွဲ ၅ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ဦးသေဆုံးကာ ၅၀ခန့် ဒဏ်ရာရခဲ့ကြောင်း CNOက ထုတ်ပြန်ထားသည်။ ယခု မတ်လအတွင်း၌လည်း ဖလမ်း -ဟားခါးလမ်း၊ ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ် မြို့နယ်ခွဲ၌ CNDF နှင့်မဟာမိတ်တပ်များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အောင်ပွဲကို ထိန်းသိမ်းရုံသာမက ဖလမ်းမြို့ကို ရန်သူလက်ထံပြန်မရောက်ရေး မဟာမိတ်များနဲ့အတူ လက်တွဲကာ ကြံ့ကြံ့ခံ တွန်းလှန်နေရသော အဆုံးအဖြတ် ကာလ ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အသိပေး ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်းကို အာဏာသိမ်းစစ်တပ်က အင်အားထပ်မံ ဖြည့်တင်းလာကြောင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ဟားခါးမြို့အနီးတောတောင်ဒေသတွေကိုဒီက​နေ့ကစပြီး သွားလာလှုပ်ရှားခြင်းမပြုလုပ်ဖို့ အများပြည်သူကို အသိပေးကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်ပါတယ်။