Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့စစ်တပ်ပြန်မရရေး တွန်းလှန်နေရတဲ့ အဆုံးအဖြတ်ကာလဟု CNDFပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အောင်ပွဲကို ထိန်းသိမ်းရုံသာမက ဖလမ်းမြို့ကို ရန်သူလက်ထံပြန်မရောက်ရေး မဟာမိတ်များနဲ့အတူ လက်တွဲကာ ကြံ့ကြံ့ခံ တွန်းလှန်နေရသော အဆုံးအဖြတ် ကာလ ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အသိပေး ထုတ်ပြန်ပါတယ်။

(ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CNDF)

ဧပြီ ၁၄၊ ၂၀၂၆။ ရွက်ဝါ/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အောင်ပွဲကို ထိန်းသိမ်းရုံသာမက ဖလမ်းမြို့ကို ရန်သူလက်ထံပြန်မရောက်ရေး မဟာမိတ်များနဲ့အတူ လက်တွဲကာ ကြံ့ကြံ့ခံ တွန်းလှန်နေရသော အဆုံးအဖြတ် ကာလ ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အသိပေး ထုတ်ပြန်ပါတယ်။

ဧပြီ ၁၃ရက်မှာ ကျရောက်တဲ့ CNO/CNDF ဖွဲ့စည်းတည်ထောင်ခြင်း (၅)နှစ်ပြည့် ကြေညာချက်မှာ အခုလို အသိပေးခဲ့တာပါ။ CNO/CNDFဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖြစ်ပြီး စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်နဲ့ စခန်းတွေအပါအဝင် ဖလမ်းမြို့ကို ၂၀၂၅ ဧပြီမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ်တပ်ပေါင်းစုတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေး အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့တာဟာ ၅နှစ်အတွင်း အမျိုးသားရေးအတွက် မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အောင်ပွဲဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မိမိတို့ အနေဖြင့် အသက်၊ သွေး၊ ချွေးပေးဆပ်ကြသော ရဲဘော်များ၊ ပြည်သူများနှင့်အတူ ရပ်တည်လျက် နောက်ဆုံးပန်းတိုင်အထိ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုအပ်ပါသည်”လို့လည်း CNO/CNDFက မြို့ကို ကာကွယ်မယ့် အကြောင်း ကြေညာပါတယ်။

စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် ဟူသမျှကို အပြီးတိုင်ချေမှုန်းပြီး ချင်းပြည်သူတွေ လိုလားတဲ့ မိမိကံကြမ္မာ မိမိဖန်တီးခွင့်နဲ့ ကိုယ့်ပိုင်ပြဌာန်းခွင့်အပြည့်အ၀ ရှိတဲ့ ချင်းပြည်တည်ဆောက်ရေး ၊ အမျိုးသားတန်းတူရေးကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာတဲ့အထိ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင် တို့ရဲ့ နိုင်ငံရေး၊ စစ်ရေး လမ်းစဉ်အတိုင်း တော်လှန်ရေးမဟာမိတ် အင်အားစုတွေနဲ့ အတူလက်တွဲ ဆက်လက်တိုက်ပွဲ ဝင်မယ်လို့လည်း CNO/CNDFက သံန္နိဋ္ဌာန်ပြု ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဖလမ်းမြို့ပြန်ရဖို့ ၂၀၂၅ နှစ်ကုန်ပိုင်းကစပြီးစစ်အင်အားအလုံးအရင်း လေကြောင်း ပစ်ကူများစွာ သုံးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ တိုက်ပွဲနှစ်ဝက်နီးပါးကြာတဲ့အထိ ဖလမ်းမြို့ကို ပြန်ရရှိခြင်းမရှိပေမယ့်စစ်တပ်တွေမြို့နဲ့တဖြေးဖြေးနီးကပ်လာတဲ့ အခြေအနေဖြစ်ပါတယ်။

စစ်ကောင်စီ ထိုးစစ်ကို ချင်းညီနောင်ကာကွယ်ရေးတပ်တွေအပြင် ချင်းပြည်ကောင်စီကာကွယ်ရေးတပ်တွေလည်း အတူပူးပေါင်းခုခံနေတာလည်းဖြစ်ပါတယ်။

“ချင်းကာကွယ်ရေး ချင်းလဲန်းကောင်စီဘက်ကပဲ ဖြစ်ဖြစ် ချင်းညီနောင်ဘက်ကပဲ ဖြစ်ဖြစ် အတက်နိုင်ဆုံး ကာကွယ်နေတဲ့ အခြေအနေမှာရှိပါတယ်” လို့ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက မတ်လကုန်ပိုင်းမှာ ဖလမ်းတိုက်ပွဲ အခြေအနေ မေးမြန်းမှု အပေါ် အခုလို ပြောပြပါတယ်။

ဘုံရန်သူ စစ်ကောင်စီကို အတူလက်တွဲတိုက်ရင်း ချင်းညီညွတ်ရေး ဖြစ်လာစေမယ်လို့လည်း သူက ပြောပါတယ်။

“အခု ဖလမ်းမြို့နယ်ထဲမှာဆိုရင်လည်း ချင်းလဲန်းကောင်စီဘက်က ရဲဘော်တွေလည်းရှိတယ် ကျွန်တော်တို့ ချင်းညီနောင်က ရဲဘော်တွေလည်းရှိတယ်။ ရှေ့တန်းမှာစည်းစည်းလုံးလုံးနဲ့ ဘုံရန်သူကို တိုက်နေပါတယ်။ ဒီဟာတွေက တဖြည်းဖြည်းချင်း ချင်းရဲ့စည်းလုံးညီညွတ်မှုတွေ ဖြစ်စေ မှာပါ။ နောက်ပြီးတော့ တဖက်ကလည်း ပထမဆုံးအရေး

ကြီးတာက ဘုံရန်သူကို ပထမအရင် ခုခံကာကွယ်မောင်းထုတ်နိုင်မှ ချင်းအမျိုးသားရေး စည်းလုံးညီညွတ်မှုတွေက နောက်ပိုင်းဆိုရင် တဖြည်းဖြည်းလာမှာ ဖြစ်ပါတယ်။ ပထမဆုံး ခြေလှမ်းအနေနဲ့တော့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီကို တိုက်ထုတ်ကာကွယ်နိုင်ဖို့ပထမ ဖြစ်တယ်။ ဒုတိယက

တော့ ကျန်ရှိနေသေးတဲ့ ချင်းပြည်မှာ သိမ်းစရာရှိတဲ့မြို့တွေကို သိမ်းနိုင်ဖို့ရန်အတွက် ဒါ ဒုတိယ ခြေလှမ်းပေါ့။ အဲဒီလို ပုံစံမျိုးနဲ့ လုပ်သွားမှာ ဖြစ်ပါတယ်”လို့ ဆလိုင်းတင်မီက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။