Connect with us

Hi, what are you looking for?

News

ရွှေဘိုတွင် စစ်​ကောင်စီတပ်ကို ​ဒေသခံမဟာမိတ်တပ်ဖွဲ့များ နှစ်ရက်ဆက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ သုံးဆယ်ကျော်သေဆုံးနိုင်ကာ စစ်တပ်၏ ပစ်ခတ်မှုကြောင့်ပြည်သူ၃ ဦး သေဆုံးခဲ့ကြောင်း SNAKE EYES PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

မတ်လ ၄ ရက် နံနက် ၉ နာရီခွဲခန့်တွင် ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် အင်အား ၇၀ ဝန်းကျင်ဖြင့် ရွှေဘိုမြို့နယ် အနောက်ဘက်ရွာများသို့ စစ်ကြောင်းထိုးလာခဲ့ရာ ရွှေဘိုမြို့နယ်ကာကွယ်ရေးတပ်ပေါင်းစု ၂ ( C & T SHWEBO၊ SNAKE EYES PDF ၊ Alpha 7 ၊ FighterOne )၊ People Defence Force (Shwe Bo) ၊ BFDF စသည့် ကာကွယ်ရေးအဖွဲ့များနှင့် နံနက် ၁၀ နာရီခွဲခန့်၌ ထူးကြီးရွာနှင့် သန်းတောရွာကြားတွင် ပထမတစ်ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစကဘက်မှ ထပ်မံ၍ တိုးဝင်လာရာ နေ့လယ် ၁ နာရီခွဲဝန်းကျင်ခန့်၌ ရွှေဘိုမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ကြားရှိ မူးမြစ်ဝှမ်းတွင် ထပ်မံ၍ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း SNAKE EYES PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့နောက်စစ်​ကောင်စီဘက်မှ ဒီပဲယင်းမြို့နယ်၊မူးကမ်း(ဆူးတပ်)ကျေးရွာသို့ ဝင်ရောက်လာရာ ရွာသို့ မဝင်မှီ ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သည် ရွာအတွင်းသို့ ဝင်ရောက်ကာ ရမ်းကားပစ်ခတ်၍ တစ်ည တပ်စွဲထားခဲ့ကြောင်း၊ မတ်လ ၅ ရက်နေ့ နေ့လယ် ၁နာရီခန့်တွင် အကြမ်းဖက်စစ်တပ်သည် မူးကမ်း(ဆူးတပ်)ကျေးရွာမှ ပိတ်မိနေသော ပြည်သူ ၁၅ဦးကို ဖမ်းဆီး၍ လူသားဒိုင်း ပြုလုပ်ကာ ပလိုင်းကျေးရွာသို့ ပြန်လည် ဆုတ်ခွာသွားကြပြီး လက်လုပ်ကျေးရွာအနီးတွင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထပ်မံ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့နောက် အကြမ်းဖက်စစ်တပ်၏လက်မှဓားစာခံပြည်သူ၁၅ဦးအနက် ၁၁ဦး လွတ်မြောက်လာပြီး ပြည်သူ ၄ဦးကို ဖမ်းဆီးထားခဲ့ကြောင်း၊ ထို့အပြင် မူးကမ်း(ဆူးတပ်)ကျေးရွာသို့ ဝင်ရောက်လာစဥ် အကြမ်းဖက်စစ်သားများ၏ ရမ်းကားပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၃ဦး သေဆုံးကာ ၁ဦး ပေါင်ကို ကျည် ထိမှန်၍ ဒဏ်ရာရသွားကြောင်း၊ မတ်လ၄ ရက်နေ့နှင့် ၅ ရက်နေ့နှစ်ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်​ကောင်စီဘက်မှ ၃၂ ယောက် ကျဆုံးခဲ့ပြီး မိမိတို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်အကျအဆုံးမရှိကြောင်း SNAKE EYES PDF က အသိပေးသည်။သို့​သော် စစ်​ကောင်စီတပ်​ဖွဲ့ဝင်များသေဆုံးမှု နှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

စစ်ကိုင်းတိုင်း၌ အင်တာနက်ဖြတ်တောက်ခံထားရပြီး သတင်းအမှောင်ချထားခံရ၍ စစ်​ကောင်စီ၏ စစ်ကြောင်းထိုးမှုများကို မိမိတို့ ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ခုခံစစ် ကြိုးစားဆောင်ရွက်နေကြရကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ခဲယမ်း လိုအပ်ချက်များအပြင် တခြားသော လိုအပ်မှုများ ရှိနေပါသဖြင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ အရေးတကြီး လိုအပ်နေကြောင်း SNAKE EYES PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။