Connect with us

Hi, what are you looking for?

News

မိတ္ထီလာတိုးဂိတ်တွင် ရဲတစ်ဦးကိုယ့်ကိုယ်ကို​ သေနတ်ဖြင့်ပစ်၍အဆုံးစီရင်

အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မအာဏာသိမ်းကာလ တစ်နှစ်ကျော်လာခဲ့ပြီးနောက် ပြည်သူနှင့်ပူး​ပေါင်းလာ​သောရဲတပ်ဖွဲ့ဝင် ၆၀၀၀ ​ကျော်ရှိလာ​ကြောင်းအမျိုးသားညီညွတ်​ရေးအစိုးရ(NUG)ထုတ်ပြန်​သော အချက် အလက်များအရသိ့ရသည်။

(အိမ်သာအတွင်းရပ်တပ်သားပြည့်စုံဖြိုးမှာ ၎င်းကိုင်​ဆောင်​သော BA 63 ​သေနတ်ဒဏ်ရာဖြင့် တံခါးဂျက်ထိုးလျှက်​သေဆုံး​နေခြင်းဖြစ်သည်။ ဓါတ်ပုံ-AST)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ တိုးဂိတ်၌ တာဝန်ကျနေသော အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်သားတစ်ဦး ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ကာအဆုံးစီရင်သွား​ကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၅ ရက်က မိတ္ထီလာမြို့၊ မြတ်နိုးသူတိုးဂိတ်တွင် ဘိုထိုင်အိမ်သာအတွင်း ရဲတပ်သားတစ်ဦး သေဆုံးနေခြင်းဖြစ်ပြီးသေဆုံးသူမှာ ၎င်းတိုးဂိတ်တွင်တာဝန်ကျနေသည့် အမှတ်(၁)ရဲစခန်းမှ ရဲတပ်သား ပြည့်စုံဖြိုး ဆိုသူဖြစ်သည်။ ၎င်းရဲတပ်သားသည် တိုးဂိတ် အိမ်သာထဲတွင် အိမ်သာတံခါးအား လော့ချကာ ၎င်းကိုင်ဆောင်သည့် BA-63 မောင်းပြန်သေနတ်ဖြင့် ကျည်ထိုးမောင်းတင်၍ ကျည်ဘောက်ဖြုတ်ပြီး ‌မိမိကိုယ်ကို မေးစေ့အောက်မှ သေနတ်ပြောင်းတေ့၍ ပစ်ခတ်ခဲ့သည်ယူဆရပြီးမေးစေ့အောက်မှ ကျည်ဖောက်ဝင်ကာ ဦးခေါင်းပွင့်ထွက်ပြီး အိမ်သာထဲတွင် သေဆုံးလျက်ရှိကြောင်း နီးစပ်သူများက ပြောသည်။

(အိမ်သာအတွင်းရပ်တပ်သားပြည့်စုံဖြိုးမှာ ၎င်းကိုင်​ဆောင်​သော BA 63 ​သေနတ်ဒဏ်ရာဖြင့် တံခါးဂျက်ထိုးလျှက်​သေဆုံး​နေခြင်းဖြစ်သည်။ ဓါတ်ပုံ-AST)

​ဒေသခံပြည်သူများက ရဲတပ်သား ပြည့်စုံဖြိုးမှာ သတ်သေသွားသည်ဟုယူဆနေကြပြီး People’s Spring သတင်းဌာနအ​နေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မအာဏာသိမ်းကာလ တစ်နှစ်ကျော်လာခဲ့ပြီးနောက် ပြည်သူနှင့်ပူး​ပေါင်းလာ​သောရဲတပ်ဖွဲ့ဝင် ၆၀၀၀ ​ကျော်ရှိလာ​ကြောင်းအမျိုးသားညီညွတ်​ရေးအစိုးရ(NUG)ထုတ်ပြန်​သော အချက် အလက်များအရသိ့ရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်​ကောင်စီလက်​​အောက်တွင်တာဝန်ထမ်း​ဆောင်ရန် ရဲတပ်ဖွဲ့အသစ်များ စု​ဆောင်းရန်ခက်ခဲ​နေသလို ပြည်သူရင်ခွင်ခိုလှုံ​သောရဲနှင့် ​တော်လှန်​ရေးအဖွဲ့များက သုတ်သင်ရှင်းလင်း​သောရဲတပ်ဖွဲ့ဝင်များလာသဖြင့် ရဲတပ်ဖွဲ့အင်အား​လျော့နည်းလာသည်။

ထို​ကြောင့်ရဲတပ်ရင်း ၆ခုခန့်ကို စစ်​ကောင်စီက ဖျက်သိမ်းပြီး အခြားရဲတပ်ရင်းများသို့ ပူး​ပေါင်းရန် ၊​စစ်တပ်သို့​ပြောင်း၍ ရှေ့တန်းစစ်​မြေပြင်ပို့ရန် စီစဥ်​နေ​ကြောင်း သတင်းထွက်​ပေါ်​နေသည်။ထို​ကြောင့် ယခုကာလသည်အကြမ်းဖက်စစ်​ကောင်စီအောက်ခြေရဲတပ်ဖွဲ့ဝင်များတွင် ကြီးစွာသောဖိစီးမှုများကြုံတွေ့ရင်ဆိုင်နေရကြောင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်​လေယာဥ်၊ရဟတ်ယာဥ်ပျက်ကျမှုအနည်းဆုံး ၁၀ စီးရှိလာ

သတင်း

အ​နောက်သို့ဆက်သွားရင်ပန်းတောင်း၊ဥသျှစ်ပင်ဘက်သို့​​ရောက်ပြီး ​တောင်ဘက်သွားရင်ဧရာဝတီတိုင်းထဲ​ရောက်မယ်

နိုင်ငံတကာ

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။