Connect with us

Hi, what are you looking for?

News

ကန်ပက်လက်တွင် စစ်​ကြောင်းထိုးလာ​သည့်စစ်​ကောင်စီတပ်ကို တိုက်ခိုက်ရာ ​လေးဦး​သေဟု CDF​ပြော

“စစ်ကောင်စီရဲ့ အင်အားက ၁၅၀အထက်ရှိတယ်။လောလောဆယ် မဟာမိတ်အချို့ ကျွန်တော်တို့နဲ့ အတူ ကူတိုက်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

(ကန်ပက်လက် CDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

ချင်းပြည်နယ် ကန်ပက်လက်မြို့သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီတပ်သား လေးဦးထက်မနည်း​သေဆုံးကြောင်း CDF-Kanpetlet တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မတ်လ ၇ ရက်) နံနက်ပိုင်းကစ၍ ကန်ပက်လက်မြို့ကို စစ်ကြောင်းသုံးခုခွဲ၍ အကြမ်းဖက်စစ်​ကောင်စီမှ ထိုးစစ်ဆင်နေခြင်းကို CDF-Kanpetletနှင့် မဟာမိတ် တပ်ပေါင်းစုမှ ပူးပေါင်းခုခံ တိုက်ခိုက်နေသည်ဟု ဆို သည်။

“စစ်ကောင်စီရဲ့ အင်အားက ၁၅၀အထက်ရှိတယ်။လောလောဆယ် မဟာမိတ်အချို့ ကျွန်တော်တို့နဲ့ အတူ ကူတိုက်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

လက်ရှိစစ်ရေးအခြေအနေအရ လက်မွန်- ခါးပန်လမ်းပိုင်း၊ လက်မွန် – ကျော့တော်လမ်းပိုင်း၊ အညာကတင်း-ကန်းလောင်းလမ်းပိုင်းနှင့် ဆော- ကန်ပက်လက်လမ်းပိုင်းတို့အား လုံးဝ (လုံးဝ) အသုံးမပြုရန်လည်း CDF -Kanpetlet က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယခုနှစ် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလအတွင်း CDF -Kanpetletနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ကြားထိတွေ့တိုက်ပွဲ ၉ ကြိမ်ရှိခဲ့ကာ စစ်ကောင်စီတပ်သား ၅၇ ဦး သေဆုံးပြီး ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF -Kanpetlet ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။