Connect with us

Hi, what are you looking for?

News

ဗြိတိန်နှင့် NUG အကြား ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဗြိတိန်နိုင်ငံခြားရေးဌာန၊ အာရှရေးရာဝန်ကြီး အမန်ဒါမီလင်းကို အွန်လိုင်းမှတဆင့်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်းတွေ့ဆုံမှုတွင် ဗြိတိန်က ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာ့အရေးကို မျက်ခြေမပြတ် ဆက် လက် အလေးထားဆောင်ရွက်မည်ဟု ဝန်ကြီး အမန်ဒါမီလင်းက ပြောကြားသည်ဟု ဆိုသည်။

▪️မြန်မာ့အရေးကို ကုလနှင့် နိုင်ငံတကာမျက်နှာစာတွင် မျက်ခြေမပြတ်အလေးထားမည်ဟုဆို

ဗြိတိန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့အကြား ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက် နိုင်ရေး နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဗြိတိန်အာရှရေးရာဝန်ကြီး အမန်ဒါမီလင်းတို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့သည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဗြိတိန်နိုင်ငံခြားရေးဌာန၊ အာရှရေးရာဝန်ကြီး အမန်ဒါမီလင်းကို အွန်လိုင်းမှတဆင့်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်းတွေ့ဆုံမှုတွင် ဗြိတိန်က ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာ့အရေးကို မျက်ခြေမပြတ် ဆက် လက် အလေးထားဆောင်ရွက်မည်ဟု ဝန်ကြီး အမန်ဒါမီလင်းက ပြောကြားသည်ဟု ဆိုသည်။

ထို့အပြင် ဗြိတိန်သည် အာဏာသိမ်းစစ်ကောင်စီနှင့်ဆက်စပ်သူများကို စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ရွေးကောက်ခံအစိုးရ NUGကို အားပေးထောက်ခံကြောင်း ဝန်ကြီးအမန်ဒါမီလင်းက ထပ်လောင်းပြောကြားသည်။

Public Service Announcement

Public Service Announcement

အထက်ပါတွေ့ဆုံမှုတွင် အာဆီယံ အထူးကိုယ်စားလှယ်နှင့် မြန်မာ့ခရီးစဉ် အပေါ် သဘောထား ၊ အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများ၊ ICRC အခန်းကဏ္ဌ၊ အကြမ်းဖက်စစ်ကောင်စီ၏ မအောင်မြင်သည့်အာဏာသိမ်းမှု အုပ်ချုပ်ရေးအခြေအနေတို့လည်း ဆွေးနွေးခဲ့သည်ဟု NUG နိုင်ငံခြားရေးက ထုတ်ပြန်ဘသည်။

အကြမ်းဖက်စစ်တပ်က အရပ်သားများအပေါ် ဆက် လက်ကျူးလွန်လျက်ရှိသည့်ရာဇဝတ်မှုများ ၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ၊ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တို့တွင် တရားမျှတမှုဖေါ်ဆောင်ရေး၊ လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးရေး စသည်တို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ယင်းတွေ့ဆုံပွဲသို့ NUG ၏ ဗြိတိန်ဆိုင်ရာ ကိုယ်စားလှယ်များ ဖြစ်သည့် ဦးမောင်မောင်အောင်နှင့် ဒေါက်တာ သက်ကိုကို တို့လည်း တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။