Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးတော်လှန်ရေးတစ်နှစ်ကျော်အတွင်း အမျိုးသမီး ၁၂၂ ဦး၊ လူငယ် ၇၂၄ ဦးနှင့် ကလေးငယ် ၁၁၀ဦး ကျဆုံးခဲ့ကြောင်း NUG ထုတ်ပြန်

သို့ရာတွင် နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း(AAPP) ကောက်ခံရရှိသည့် စာရင်း အရ မတ်လ ၇ ရက်အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်တပ်ကြောင့် ၁၆၂၀ ကျဆုံးခဲ့ပြီး ၁၂၅၅၀ ဦး ဖမ်းဆီးခံခဲ့ရသည်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းချိန်မှစ၍ ပြီးခဲ့သည့် မတ်လ ၁ ရက်အထိ ကျဆုံးခဲ့သူ ၁၅၀၀ ကျော်အနက် ၁၂၂ ဦးသည် အမျိုးသမီးများဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနက စာရင်းပြုစုထုတ်ပြန် သည်။

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် အရေ အတွက်ကို ပုံစံကားချပ်များဖြင့် NUG အထက်ပါဝန်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ မှ ၂၀၂၂ မတ်လ ၁ရက်အထိ NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန၏ စာရင်းပြုစုမှုအရ စုစုပေါင်းကျဆုံးခဲ့သူ ၁၅၂၅ ဦးအနက် ၈ ရာခိုင်နှုန်းဖြစ်သော ၁၂၂ ဦးသည် အမျိုးသမီးများဖြစ်ပြီး ၄၇ ရာခိုင်နှုန်းဖြစ်သော ၇၂၄ ဦးသည် လူငယ်များဖြစ်သည်။

ထို့အပြင် ၇.၂ ရာခိုင်နှုန်းဖြစ်သော ၁၁၀ ဦးသည် ကလေးသူငယ်များဖြစ်ကြောင်း NUG က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း(AAPP) ကောက်ခံရရှိသည့် စာရင်း အရ မတ်လ ၇ ရက်အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်တပ်ကြောင့် ၁၆၂၀ ကျဆုံးခဲ့ပြီး ၁၂၅၅၀ ဦး ဖမ်းဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။