Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးတစ်နှစ်ကျော်အတွင်း အမျိုးသမီး ၁၂၂ ဦး၊ လူငယ် ၇၂၄ ဦးနှင့် ကလေးငယ် ၁၁၀ဦး ကျဆုံးခဲ့ကြောင်း NUG ထုတ်ပြန်

သို့ရာတွင် နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း(AAPP) ကောက်ခံရရှိသည့် စာရင်း အရ မတ်လ ၇ ရက်အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်တပ်ကြောင့် ၁၆၂၀ ကျဆုံးခဲ့ပြီး ၁၂၅၅၀ ဦး ဖမ်းဆီးခံခဲ့ရသည်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းချိန်မှစ၍ ပြီးခဲ့သည့် မတ်လ ၁ ရက်အထိ ကျဆုံးခဲ့သူ ၁၅၀၀ ကျော်အနက် ၁၂၂ ဦးသည် အမျိုးသမီးများဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနက စာရင်းပြုစုထုတ်ပြန် သည်။

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် အရေ အတွက်ကို ပုံစံကားချပ်များဖြင့် NUG အထက်ပါဝန်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ မှ ၂၀၂၂ မတ်လ ၁ရက်အထိ NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန၏ စာရင်းပြုစုမှုအရ စုစုပေါင်းကျဆုံးခဲ့သူ ၁၅၂၅ ဦးအနက် ၈ ရာခိုင်နှုန်းဖြစ်သော ၁၂၂ ဦးသည် အမျိုးသမီးများဖြစ်ပြီး ၄၇ ရာခိုင်နှုန်းဖြစ်သော ၇၂၄ ဦးသည် လူငယ်များဖြစ်သည်။

ထို့အပြင် ၇.၂ ရာခိုင်နှုန်းဖြစ်သော ၁၁၀ ဦးသည် ကလေးသူငယ်များဖြစ်ကြောင်း NUG က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း(AAPP) ကောက်ခံရရှိသည့် စာရင်း အရ မတ်လ ၇ ရက်အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်တပ်ကြောင့် ၁၆၂၀ ကျဆုံးခဲ့ပြီး ၁၂၅၅၀ ဦး ဖမ်းဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။