Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး NUGကို ပံ့ပိုးကူညီမည်ဟု ဗြိတိန်အာရှရေးရာဝန်ကြီးပြော

ဗြိတိန်နိုင်ငံခြားရေးဌာန၊ အာရှရေးရာဝန်ကြီး အမန်ဒါမီလင်းသည် မတ်လ ၇ ရက်တွင် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် အွန်လိုင်းမှတဆင့်တွေ့ဆုံခဲ့မှုနှင့်ပတ်သက်၍ ဝမ်းမြောက်ကြောင်း ၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြသည်။

ဗြိတိန်သည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ရည်မှန်းချက်များအကောင်အထည်ဖော်ရန် ကူညီထောက်ပံ့မည်ဖြစ်ကြောင်း အာရှရေးရာဝန်ကြီး အမန်ဒါမီလင်းက ပြောသည်။

ဗြိတိန်နိုင်ငံခြားရေးဌာန၊ အာရှရေးရာဝန်ကြီး အမန်ဒါမီလင်းသည် မတ်လ ၇ ရက်တွင် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် အွန်လိုင်းမှတဆင့်တွေ့ဆုံခဲ့မှုနှင့်ပတ်သက်၍ ဝမ်းမြောက်ကြောင်း ၎င်း၏တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြသည်။

ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော၊ ဒီမိုကရက်တစ်မြန်မာနိုင်ငံအတွက် NUG ၏ ရည်မှန်းချက်များကို ဗြိတိန်က ပံ့ပိုးကူညီမည်ဖြစ်ကြောင်းနှင့် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ထောင်ပေါင်းများစွာသော နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများကို အရေးပေါ်အကူအညီပေးမည် ဖြစ်ကြောင်းလည်း ဝန်ကြီး အမန်ဒါမီလင်းက ထုတ်ပြန်သည်။

အထက်ပါ ဗြိတိန်ဝန်ကြီးနှင့်တွေ့ဆုံမှုတွင် ဗြိတိန်နှင့် NUG အကြား ပိုမိုထိရောက်စွာပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် မြန်မာ့အရေးကို မျက်ခြေမပြတ် ဆက်လက်အလေးထားဆောင်ရွက်ရေးနှင့် အကြမ်းဖက်စစ်တပ်၏ ချိုးဖောက်ကျူး လွန်မှုများအတွက် တာဝန်ခံနိုင်ရေး စသည့်ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း NUGက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။