Connect with us

Hi, what are you looking for?

LuduNwayOo

News

ငွေကြေး၊ နည်းပညာနဲ့ အကြံဉာဏ်ပေးဖို့ NUG ကို ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ယက်တိုက်တွန်း

သဘာ၀ပတ်ဝန်းကျင်အဖွဲ့တွေကို အသိအမှတ်ပြုပြီး လုပ်ငန်းတွေကောင်းမွန်စွာ အကောင်အထည်ဖော်လည်ပတ်နိုင်ဖို့ ငွေကြေး၊ နည်းပညာနဲ့ အကြံဉာဏ်ထောက်ပံ့မှုတွေကို ဒေသခံပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်ပံ့ပိုးကူညီပေးဖို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ယက်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ သဘာ၀ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကို အကူညီပေးဖို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ယက်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

သဘာ၀ပတ်ဝန်းကျင်အဖွဲ့တွေကို အသိအမှတ်ပြုပြီး လုပ်ငန်းတွေကောင်းမွန်စွာ အကောင်အထည်ဖော်လည်ပတ်နိုင်ဖို့ ငွေကြေး၊ နည်းပညာနဲ့ အကြံဉာဏ်ထောက်ပံ့မှုတွေကို ဒေသခံပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်ပံ့ပိုးကူညီပေးဖို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ယက်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

ဒီကနေ့ မတ်လ ၁၄ ရက်မှာကျရောက်တဲ့ မြစ်ချောင်းများအခွင့်အရေးအတွက် နိုင်ငံတကာလှုပ်ရှားမှုနေ့မှာ ကော်သူးလေဒေသနဲ့ မြန်မာပြည်တစ်ဝှမ်းရှိ ဌာနေတိုင်းရင်းသားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ မြစ်ချောင်းတွေပေါ်မှာ သဘာ၀ပတ်ဝန်းကျင်နဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်ပျက်စီးစေမယ့် အကြီးစားရေကာတာစီမံကိန်း တည်ဆောက်မှုအစီအစဉ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုချက်ကို ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့၊ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အီးတုထစစ်ရှောင်စခန်းက ဌာနေပြည်သူလူထုတွေနဲ့ပူးပေါင်းပြီး သထောထားထုတ်ပြန်တာဖြစ်ပါတယ်။

NUG အနေနဲ့ လူထုကိုထိခိုက်စေတဲ့ အကြီးစားဆည်တွေတည်ဆောက်မှုအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ ညွှန်ကြားချက်တွေကို ထုတ်ပြန်ပေးဖို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ယက်က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းတည်ဆောက်ဖို့ မူဝါဒရေးဆွဲရာမှာ ဌာနေတိုင်းရင်းသားတွေရဲ့နေထိုင်မှု အသက်မွေးဝမ်းကြောင်းနဲ့ကိုက်ညီတဲ့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒတွေကို အထူးအလေးထားထည့်သွင်းရေးဆွဲဖို့၊ မူဝါဒရေးဆွဲရာမှာလည်း သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ အကြီးစားရေကာတာစီမံကိန်းတွေ တည်ဆောက်တာကို လုံး၀တားမြစ်ပိတ်ပင်တဲ့ မူဝါဒချမှတ်ဖို့၊ ဒေသခံလူထု အရပ်ဖက်အဖွဲ့အစည်း ကေအဲန်ယူတို့နဲ့ အတူတကွပူးပေါင်းပါဝင်ရေးဆွဲဖို့ တောင်းဆိုထားပါသေးတယ်။

ကေအဲန်ယူအနေနဲ့ ကော်သူးလေကပြဌာန်းထားတဲ့ သဘာ၀ပတ်ဝန်းကျင်နဲ့ဆက်စပ်တဲ့ တည်ဆဲမူဝါဒတွေနဲ့အညီ မြစ်ချောင်း သစ်တောအရင်းအမြစ်တွေနဲ့ မျိုးတုန်းပျောက်ကွယ်လုတဲ့ တိရိစ္ဆာန်မျိုးစိတ်တွေ၊ ဒီရေတောစတဲ့ သဘာ၀အရင်းအမြစ်တွေကို ထိန်းသိမ်းကာကွယ်ပေးဖို့နဲ့ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ဖို့၊ ကော်သူးလေဒေသက သဘာ၀အရင်းအမြစ်တွေကို အကြီးစားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကိုယ်ကျိုးစီးပွာအတွက် အမြတ်ထုတ်သူတွေရဲ့ လက်ဝါးကြီးအုပ်စိုးမှုအောက်မှာ မကျရောက်စေဖို့အတွက် ထိထိရောက်ရောက် အရေးယူကာကွယ်တားဆီးပေးဖို့ကလည်း တောင်းဆိုသေးတာပါ။

ဒါ့အပြင် နိုင်ငံတကာအသင်းအဖွဲ့အနေနဲ့ကလည်း မတရားအာဏာသိမ်းယူထားတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့ကို တရားဝင်အစိုးရပ်တစ်ရပ်အဖြစ် အသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေညာပေးဖို့၊ ပြည်ပရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေအနေနဲ့ စစ်ကောင်စီကို ငွေကြေးပံ့ပိုးမှုဖြစ်စေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ စစ်ဘေးရှောင်တွေကို ပြည်သူတစ်ဦးချင်းစီကအစ တတ်နိုင်တဲ့ဘက်ကနေ အကူအညီပေးဖို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ယက်က တောင်းဆိုကြေညာလိုက်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။