Connect with us

Hi, what are you looking for?

News

ရှေ့တန်း၌ အထိနာခဲ့သည့် ခလရ (၉၇)တပ်တွင်း ဆူပူမှုဖြစ်၍ စစ်သည်အမျိုးသမီးများအားပေးထားသည့်လက်နက်များ ပြန်သိမ်းဟုဆို

“အခုဒီလို ဖြစ်တော့ သူ့တို့ ယောက်ျားတွေဆုံးရှုံးရတယ် သူတို့ ယောက်ျားတွေ သူများဖမ်းမိတယ်။ နောက်ပိုင်းမှာနေတဲ့ သူတွေကျတော့ တစ်ယောက်နဲ့ တစ်ယောက် မကျေမနပ်တွေဖြစ် တပ်တွင်း ဆူပူမှုတွေပေါ့ကွာ”ဟု ဒေသခံက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ရှေ့တန်းနယ်မြေ၌ ကျဆုံးထိခိုက် ဖမ်းဆီးခံရမှုများခဲ့သည့် ကော့ကရိတ်အခြေစိုက် ခလရ(၉၇)တပ်မှ စစ်သည်များ၏ ဇနီးများအား ပေးထားသည့် လက်နက်များကို တပ်ကပြန်လည်သိမ်းယူလိုက်ကြောင်း သိရသည်ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

ဖာပွန်ခရိုင်တွင် မတ်လ ၁၁ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ခလရ (၉၇)တပ်မှ ၁၆ဦးကို အရှမ်ဖမ်းမိခဲ့ပြီး တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ဒဏ်ရာရသူများပြားခဲ့ကြောင်း၊ လက်နက်မျိုးစုံ ၂၉လက်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း KNUက ဓာတ်ပုံ၊ ရုပ်သံတို့ဖြင့် ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ခဲ့ပြီးနောက် ခလရ(၉၇)တပ်တွင်း၌ စစ်သည်များ၏ အမျိုးသမီးများ ဆောက်တည်ရာမရဖြစ်ကာ မကျေနပ်မှုများဖြစ်ခဲ့၍ အမှတ်(၁၂) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂)မှ ဗျူဟာမှူးကိုယ်တိုင် လာရောက် ထိန်းသိမ်းခဲ့ရသည်ဟု အဆိုပါ တပ်နှင့် နီးစပ်သူကို ကိုးကားပြီး ကော့ကရိတ်ဒေသခံက People’s Spring ပြောသည်။

“အဲဒီမှာ ဗျူဟာမှူးလက်နက်တွေ လာသိမ်းလိုက်ကုန်ပြီ။ အဲဒီလိုရှိတယ်လို့ပဲပြောရမှာပဲ။ ဆန္ဒပြတယ်ဆိုတာတော့ ထွက်အော်တာ ထွက်ပြတာတော့ ဘယ်ဟုတ်မလဲ။ အဲဒီအထဲမှာပဲ သူတို့အထဲမှာပဲ ပြောကြဆိုကြ ပုံစံမျိုးဖြစ်မှာပေါ့။ လက်နက်သိမ်းတာက စကခ ၁၂က ဗျူဟာမှူးလား မသိဘူး သူတို့ဆီက မိန်းကလေးတွေ ကိုင်တဲ့ သေနတ်တွေ အကုန်လုံး သိမ်းယူလိုက်တယ်လေ။ သူတို့ အချင်းချင်းပေါ့ကွာ” ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုကအာဏာသိမ်းပြီး​နောက်ပိုင်း နိုင်ငံတစ်ဝန်း ပြည်သူ့ကာကွယ်​ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ခုခံကာကွယ်စစ်များဖြင့် တုံ့ပြန်​နေသဖြင့်
အကြမ်းဖက်စစ်ကောင်စီတပ်များတွင်အင်အားနည်းလာသဖြင့် ​ယောက်ကျားသား စစ်သည်များ ရှေ့တန်းထွက်နေစဉ် စစ်သည်၏ ဇနီးများအား လက်နက်ကိုင်ဆောင်စေကာ
တပ်လုံခြုံရေးကိုပါ တာဝန်ပေးလာခြင်းဖြစ်သည်။

“အခုဒီလို ဖြစ်တော့ သူ့တို့ ယောက်ျားတွေဆုံးရှုံးရတယ် သူတို့ ယောက်ျားတွေ သူများဖမ်းမိတယ်။ နောက်ပိုင်းမှာနေတဲ့ သူတွေကျတော့ တစ်ယောက်နဲ့ တစ်ယောက် မကျေမနပ်တွေဖြစ် တပ်တွင်း ဆူပူမှုတွေပေါ့ကွာ”ဟု ဒေသခံက ပြောသည်။

ကော့ကရိတ်အခြေစိုက် သတင်းဌာန ကော့ကရိတ်ပွင့်လင်း သတင်းစဉ် တွင် ခလရ(၉၇) တွင် တပ်တွင်း ဆန္ဒပြမှု ဖြစ်ပွား၍ ဆန္ဒပြသည့် စစ်သည် မိသားစုဝင်အချို့ ဖမ်းဆီးခံထားရသည်ဟု ဖော်ပြထားရာ ယင်းနှင့်ပတ်သက်၍ လိုက်လံစုံစမ်းသော်လည်း သီးခြားအတည် ပြုချက်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

အသက် ၁၄ နှစ်အရွယ်ကလေးတစ်ယောက် လက်ထဲက သေနတ်တစ်လက်ကြောင့် ထိုင်းနိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် သေနတ်တွေ ဘယ်လောက်အထိလွယ်လွယ်ကူကူလက်လှမ်းမီနေသလဲဆိုတာနဲ့ နိုင်ငံအတွင်း လက်နက်တွေ ပျံ့နှံ့နေမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။