Connect with us

Hi, what are you looking for?

News

မြေ​တော်ရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာ

ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာသည့် ရဲတပ်သား အာကာစိန်၏ အချက်အလက်များအရ ရဲလုပ်သက် ငါးနှစ်ရှိပြီဖြစ်ကာ ရေစကြိုမြို့နယ် မြေတော်ရဲကင်းတွင် တာဝန်ကျ နေသူဖြစ်သည်။

မကွေးတိုင်း မြေတော်ရဲစခန်းမှ ရဲတပ်သား အာကာစိန်သည် G-3 လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်ဖွဲ့ (Yso.ISA)က ယနေ့(မတ်လ ၁၈ ရက်) ထုတ်ပြန်သည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ရဲတပ်သားကို ဆုကျေးငွေကျပ်သိန်း ၃၀​ပေးအပ်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ပြီဟုလည်း ဖော်ပြသည်။

“ဒီလ ၈ ရက်က ဝင်တာ။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို လွတ်မြောက်နယ်မြေကို ရောက်ရှိတဲ့အထိ ပို့နေရလို့ သတင်းခေတ္တ ဆိုင်းထားတာပါ”ဟု Yso.ISA အဖွဲ့တာဝန်ရှိသူက ပြောသည်။

ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာသည့် ရဲတပ်သား အာကာစိန်၏ အချက်အလက်များအရ ရဲလုပ်သက် ငါးနှစ်ရှိပြီဖြစ်ကာ ရေစကြိုမြို့နယ် မြေတော်ရဲကင်းတွင် တာဝန်ကျ နေသူဖြစ်သည်။

Public Service Announcement

Public Service Announcement

ကျန်ရှိနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း CDM ပြုလုပ်လိုပါက ပြည်သူ့ရင်ခွင်မှနွေးထွေးစွာကြိုဆိုသွားမည်ဖြစ်ကြောင်း ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။