Connect with us

Hi, what are you looking for?

LuduNwayOo

News

မြေ​တော်ရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာ

ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာသည့် ရဲတပ်သား အာကာစိန်၏ အချက်အလက်များအရ ရဲလုပ်သက် ငါးနှစ်ရှိပြီဖြစ်ကာ ရေစကြိုမြို့နယ် မြေတော်ရဲကင်းတွင် တာဝန်ကျ နေသူဖြစ်သည်။

မကွေးတိုင်း မြေတော်ရဲစခန်းမှ ရဲတပ်သား အာကာစိန်သည် G-3 လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်ဖွဲ့ (Yso.ISA)က ယနေ့(မတ်လ ၁၈ ရက်) ထုတ်ပြန်သည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ရဲတပ်သားကို ဆုကျေးငွေကျပ်သိန်း ၃၀​ပေးအပ်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ပြီဟုလည်း ဖော်ပြသည်။

“ဒီလ ၈ ရက်က ဝင်တာ။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို လွတ်မြောက်နယ်မြေကို ရောက်ရှိတဲ့အထိ ပို့နေရလို့ သတင်းခေတ္တ ဆိုင်းထားတာပါ”ဟု Yso.ISA အဖွဲ့တာဝန်ရှိသူက ပြောသည်။

ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာသည့် ရဲတပ်သား အာကာစိန်၏ အချက်အလက်များအရ ရဲလုပ်သက် ငါးနှစ်ရှိပြီဖြစ်ကာ ရေစကြိုမြို့နယ် မြေတော်ရဲကင်းတွင် တာဝန်ကျ နေသူဖြစ်သည်။

Public Service Announcement

Public Service Announcement

ကျန်ရှိနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း CDM ပြုလုပ်လိုပါက ပြည်သူ့ရင်ခွင်မှနွေးထွေးစွာကြိုဆိုသွားမည်ဖြစ်ကြောင်း ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။

သတင်း

မြိုင်မြို့နယ်တွင်းရှိ စစ်သား၊ရဲနှင့်ပျူစောထီးများ စစ်ကောင်စီလက်အောက်မှထွက်၍ အလင်းဝင်လိုပါက နီးစပ်ရာ မြိုင်ပကဖ ဇုန်၊တိုက်နယ်၊ရပ်ကျေးအဖွဲ့ဝင်များထံ ဆက်သွယ် နိုင်ကြောင်း ပကဖက အသိပေးထားသည်။