Connect with us

Hi, what are you looking for?

LuduNwayOo

News

HIV/AIDS ဂေဟာ တာဝန်ခံ ကိုရာဇာ ကို ထောင်တစ်သက်ချနိုင်တဲ့ အကြမ်းဖက်မှုပုဒ်မနဲ့စွဲဆို

NURTURE AIDS CENTER တာဝန်ခံ ကိုရာဇာကို မတ်လ ၂ ရက်က ဖမ်းဆီးသွားတာဖြစ်ပြီး အဲဒီနောက် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တယ်ဆိုကာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)နဲ့တရားစွဲဆိုထားတာပါ။

HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ပေးတဲ့ ရန်ကုန်တိုင်း ၊တောင်ဒဂုံမြို့နယ် က NAC ဂေဟာ ရဲ့ တာဝန်ခံ ကိုရာဇာကို စစ်ကောင်စီဟာ အကြမ်းဖက်ပုဒ်မနဲ့စွဲဆိုထားပြီး ဒီနေ့မှာ ရုံးထုတ်မယ်လို့သိရပါတယ်။

NURTURE AIDS CENTER တာဝန်ခံ ကိုရာဇာကို မတ်လ ၂ ရက်က ဖမ်းဆီးသွားတာဖြစ်ပြီး အဲဒီနောက် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တယ်ဆိုကာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)နဲ့တရားစွဲဆိုထားတာပါ။

ဒီပုဒ်မဟာ ထောင်ဒဏ် ဆယ်နှစ်ကနေ ထောင်တစ်သက်အထိချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

နိုင်ငံတဝှမ်းက HIV/AIDS ဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ NURTURE AIDS CENTER ကို NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဦးဆောင်ကာ ၂၀၀၂ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲဒီဂေဟာမှာ လူနာ ၁၆၀ကျော်ရှိကာ ကလေးလူနာက ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဂေဟာတာဝန်ခံ ကိုရာဇာကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားတဲ့အတွက် ဂေဟာမှာရှိတဲ့ ဝေဒနာရှင်တွေအတွက်လည်းအခက်တွေ့နေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။

သတင်း

ကော်မရှင်၏အစီရင်ခံစာ၌ မြန်မာစစ်ဖက်အာဏာပိုင်တို့အား ထိုပြဌာန်းချက်နှစ်ခုကို စံတင်လောက်အောင် ချိုးဖောက်နေမှုအား ရပ်တန့်ရန်၊ နောက်ထပ်နှိပ်စက်ညှဉ်းပန်းမှုများကိုတားဆီးရန် ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့တိုက်တွန်းထားသည်။

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက “ အကြမ်းဖက်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း လျှောက်လှမ်းဖို့ မရှိပါဘူး”ဟု ပြောကြားခဲ့သည်။