Connect with us

Hi, what are you looking for?

News

HIV/AIDS ဂေဟာ တာဝန်ခံ ကိုရာဇာ ကို ထောင်တစ်သက်ချနိုင်တဲ့ အကြမ်းဖက်မှုပုဒ်မနဲ့စွဲဆို

NURTURE AIDS CENTER တာဝန်ခံ ကိုရာဇာကို မတ်လ ၂ ရက်က ဖမ်းဆီးသွားတာဖြစ်ပြီး အဲဒီနောက် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တယ်ဆိုကာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)နဲ့တရားစွဲဆိုထားတာပါ။

HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ပေးတဲ့ ရန်ကုန်တိုင်း ၊တောင်ဒဂုံမြို့နယ် က NAC ဂေဟာ ရဲ့ တာဝန်ခံ ကိုရာဇာကို စစ်ကောင်စီဟာ အကြမ်းဖက်ပုဒ်မနဲ့စွဲဆိုထားပြီး ဒီနေ့မှာ ရုံးထုတ်မယ်လို့သိရပါတယ်။

NURTURE AIDS CENTER တာဝန်ခံ ကိုရာဇာကို မတ်လ ၂ ရက်က ဖမ်းဆီးသွားတာဖြစ်ပြီး အဲဒီနောက် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တယ်ဆိုကာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)နဲ့တရားစွဲဆိုထားတာပါ။

ဒီပုဒ်မဟာ ထောင်ဒဏ် ဆယ်နှစ်ကနေ ထောင်တစ်သက်အထိချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

နိုင်ငံတဝှမ်းက HIV/AIDS ဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ NURTURE AIDS CENTER ကို NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဦးဆောင်ကာ ၂၀၀၂ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲဒီဂေဟာမှာ လူနာ ၁၆၀ကျော်ရှိကာ ကလေးလူနာက ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဂေဟာတာဝန်ခံ ကိုရာဇာကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားတဲ့အတွက် ဂေဟာမှာရှိတဲ့ ဝေဒနာရှင်တွေအတွက်လည်းအခက်တွေ့နေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယက ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်သွေးကြွ အကြမ်းဖက်သမား ၁၄၅ ဦးကို ရှင်းလင်း သုတ်သင်ခဲ့ကြောင်း ပါကစ္စတန်က ကြေညာခဲ့ပါတယ်။

သတင်း

ပြည်ထောင်စုအဆင့်ရွေးကော်အဖွဲ့ဝင်တွေကိုသာမက ပြည်နယ်၊တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ဝင်တွေကို အမည်နဲ့တကွ ကြေညာမယ်လို့ ထုတ်ပြန်

သတင်း

ဆီမီးထွန်းပွဲကို ဗုံးကြဲခဲ့တဲ့ စစ်အုပ်စုကို ဖိအားပေး ဆန့်ကျင်ကန့်ကွက်ရုံသာမက နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ယန္တရားတွေမှာ တရားစွဲဆိုအပြစ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားပေးရန် နိုင်ငံတကာရှိ အစိုးရများနဲ့ အဖွဲ့အစည်းများအား အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က တောင်းဆိုလိုက်ပါတယ်။

သတင်း

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။