Connect with us

Hi, what are you looking for?

LuduNwayOo

News

BGFတပ်သားတစ်ဦးလက်နက်နှင့်အတူ အလင်းဝင်လာဟု KNU တပ်မဟာ(၅) ထုတ်ပြန်

BGF တပ်ဖွဲ့ဝင်နှင့်အတူ M-16 ARတစ်လက်၊ ကျည်ကာ(၃)ချပ်နှင့် ကျည်ဆံ(၃၀၀)ပါရှိသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဖြစ်သည့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) မှ တပ်ဖွဲ့ဝင်တစ်ဦးလက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၁၇)တွင် BGFတပ်ရင်း(၁၀၁၆)မှ တပ်သားအဆင့်ရှိ စောမော်ဝါးသည် တပ်မဟာ(၅) လက်အောက်ရှိ တပ်ရင်း(၁၀၂)၊ တပ်ခွဲ(၃)သို့ လက်နက်ခဲယမ်းအပြည့်အစုံနှင့်အတူ အလင်းဝင်လာကြောင်း ရှေ့တန်းစခန်းရှိတာဝန်ရှိသူက သတင်းပေးပို့လာသည်ဟုဖော်ပြထားသည်။

BGF တပ်ဖွဲ့ဝင်နှင့်အတူ M-16 ARတစ်လက်၊ ကျည်ကာ(၃)ချပ်နှင့် ကျည်ဆံ(၃၀၀)ပါရှိသည်ဟု ဆိုသည်။

အဆိုပါ BGFတပ်ဖွဲ့ဝင်သည် ဘားအံဇာတိ ဖြစ်ကြောင်း၊ ၎င်း၏အထက်အရာရှိများ၏ အမိန့်စေခိုင်းချက်ဖြင့် ကရင်အချင်းချင်းအားပြည်လည်တိုက်ခိုက်စေရန်သော်လည်းကောင်း အပစ်မဲ့ပြည်သူများအားသတ်ဖြတ်ရန်သော်လည်းကောင်း အမိန့်ပေးစေခိုင်းမှုအားမပြုလုပ်လို့၍ အလင်းဝင်လာခြင်းဖြစ်သည်ဟု အဆိုပါ တပ်ဖွဲ့ဝင်ကပြောကြားကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။