Connect with us

Hi, what are you looking for?

News

BGFတပ်သားတစ်ဦးလက်နက်နှင့်အတူ အလင်းဝင်လာဟု KNU တပ်မဟာ(၅) ထုတ်ပြန်

BGF တပ်ဖွဲ့ဝင်နှင့်အတူ M-16 ARတစ်လက်၊ ကျည်ကာ(၃)ချပ်နှင့် ကျည်ဆံ(၃၀၀)ပါရှိသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဖြစ်သည့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) မှ တပ်ဖွဲ့ဝင်တစ်ဦးလက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၁၇)တွင် BGFတပ်ရင်း(၁၀၁၆)မှ တပ်သားအဆင့်ရှိ စောမော်ဝါးသည် တပ်မဟာ(၅) လက်အောက်ရှိ တပ်ရင်း(၁၀၂)၊ တပ်ခွဲ(၃)သို့ လက်နက်ခဲယမ်းအပြည့်အစုံနှင့်အတူ အလင်းဝင်လာကြောင်း ရှေ့တန်းစခန်းရှိတာဝန်ရှိသူက သတင်းပေးပို့လာသည်ဟုဖော်ပြထားသည်။

BGF တပ်ဖွဲ့ဝင်နှင့်အတူ M-16 ARတစ်လက်၊ ကျည်ကာ(၃)ချပ်နှင့် ကျည်ဆံ(၃၀၀)ပါရှိသည်ဟု ဆိုသည်။

အဆိုပါ BGFတပ်ဖွဲ့ဝင်သည် ဘားအံဇာတိ ဖြစ်ကြောင်း၊ ၎င်း၏အထက်အရာရှိများ၏ အမိန့်စေခိုင်းချက်ဖြင့် ကရင်အချင်းချင်းအားပြည်လည်တိုက်ခိုက်စေရန်သော်လည်းကောင်း အပစ်မဲ့ပြည်သူများအားသတ်ဖြတ်ရန်သော်လည်းကောင်း အမိန့်ပေးစေခိုင်းမှုအားမပြုလုပ်လို့၍ အလင်းဝင်လာခြင်းဖြစ်သည်ဟု အဆိုပါ တပ်ဖွဲ့ဝင်ကပြောကြားကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။