Connect with us

Hi, what are you looking for?

News

အပူပိုင်းမုန်တိုင်း ဧရာဝတီနှင့်ရခိုင်ပြည်နယ်ကိုဖြတ်​ကျော်ဝင်​ရောက်နိုင်​​ကြောင်းNUG၏ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ​ရေးဝန်ကြီးဌာန ခန့်မှန်း

ရခိုင်ပြည်နယ်ကမ်းရိုးတန်းဒေသအချို့နှင့် ဧရာဝတီဒေသအချို့တွင် မတ်လ ၁၉ရက်ကတည်းက မိုးစတင်ရွာသွန်းပြီး တခါတရံတွင် လေပြင်းလည်း တိုက်ခတ်သည်ဟု ဒေသခံများကပြောသည်။

ဘဂ်လားပင်လယ်အော်မှ အပူပိုင်းမုန်တိုင်းသည် မြန်မာနိုင်ငံသို့ မလွဲမသွေသက်ရောက်နိုင်ပြီး ဧရာဝတီနှင့် ရခိုင်ဒေသကို ဖြတ်၍ ဝင်ရောက်နိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစားနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတိပေးချက်
ထုတ်ပြန်သည်။

၂၄ နာရီအတွင်း​လေးဖိအားနည်းရပ်ဝန်းမှမုန်တိုင်းအဖြစ်အား​ကောင်းလာ​မည့်အပူပိုင်းမုန်တိုင်းသည် မတ်လ၊ (၂၂) ရက်နေ့တွင် မြန်မာနိုင်ငံ မော်တင်စွန်း အထက်နားမှဖြတ်ကျော်ပြီး (၂၃) ရက်နေ့တွင် စစ်တွေနှင့်ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟုလူသားချင်းစားနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန မတ်လ ၁၉ရက်ညတွင် သတိပေးချက်ထုတ်ပြန်ထားသည်။

မုန်တိုင်းအဓိကသက်​ရောက်နိုင်​သော​ဒေသများမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊မော်တင်စွန်းထိပ်နှင့်ရခိုင်ကမ်းရိုးတန်းဒေသရှိ စစ်တွေနှင့် ကျောက်ဖြူကြားဖြစ်​ကြောင်းလည်းအသေးစိတ် ရှင်းပြထားသည်။ မြန်မာ့ကမ်းရိုးတန်းအနီးသို့ မုန်တိုင်းရောက်ရှိပြီး ကမ်းရိုးတန်းကို ဖြတ်ကျော်ချိန်တွင် အားအနည်းငယ်လျော့သွားပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် ဖြတ်ကျော်နိုင်သည်ဟု လည်း ခန့်မှန်းတွက်ချက်ထားသည်။

မုန်တိုင်းကမ်းရိုးတန်းသို့ မဝင်မီ မတ်လ ၂၀၊၂၁ရက်တွင် ပင်လယ်၌ မိုးနှင့်လေပြင်း အလွန်အားပြင်းနိုင်သည်ဟု အိန္ဒိယမိုးလေဝသဌာန(IMD)က သတိပေး ထားသည်။

Public Service Announcement

Public Service Announcement

မုန်တိုင်းအန္တရာယ်ရှောင်လွှဲနိုင်ရေးအတွက် ယခုရက်ပိုင်းတွင်ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းခြင်းနှင့် ပင်လယ်ပြင် ခရီးသွားလာခြင်းများကို ရှောင်ရှားသင့်ကြောင်းနှင့်ကမ်းရိုးတန်းအနီး မြေနိမ့်ဒေသများတွင် နေထိုင်သော ဒေသခံ ပြည်သူများအနေဖြင့်ဒီရေမြင့်တက် လာနိုင်သည့်အန္တရာယ်ကိုလည်း သတိပြုနေထိုင်သင့်ကြောင်း လူသားချင်းစားနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သတိပေးထားသည်။

ရခိုင်ပြည်နယ်ကမ်းရိုးတန်းဒေသအချို့နှင့် ဧရာဝတီဒေသအချို့တွင် မတ်လ ၁၉ရက်ကတည်းက မိုးစတင်ရွာသွန်းပြီး တခါတရံတွင် လေပြင်းလည်း တိုက်ခတ်သည်ဟု ဒေသခံများကပြောသည်။

ယခုဖြစ်ပေါ်နေသောမုန်တိုင်းသည်အမည်တပ်ဆိုင်ကလုန်းမုန်တိုင်းအထိ့အား​ကောင်းလာနိုင်ပြီး Asani မုန်တိုင်းဟုအမည်​ပေးထားပြီး သိရိလက်ာနိူင်ငံက အမည်ပေး ထားခြင်းဖြစ်သည်။ မုန်တိုင်းအရှိန်ကြောင့် ပင်လယ်နှင့် ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာရွာနိုင်သည်ဟုIMDကသတိပေး ထားသည်။

မုန်တိုင်းသည် ယနေ့(မတ်လ ၂၀ရက်)တွင် လေတိုက်နှုန်း တစ်နာရီမိုင် ၆၀မှ၇၅မိုင်အတွင်း ရှိနိုင်ကြောင်းနှင့် ကမ်းရိုးတန်းသို့ မုန်တိုင်းဝင်ရောက်ချိန်တွင် လေတိုက်နှုန်း တစ်နာရီမိုင် ၇၀မှ ၉၀မိုင်အတွင်း တိုက်ခတ်နိုင်ကြောင်း IMDက သတိပေးထားသည်။ဘဂ်လား​ဒေရှ်နှင့် ရခိုင်ကမ်းရိုးတန်းအပါအဝင်မြန်မာနိုင်ငံ​မြောက်ပိုင်း​ဒေသသို့မုန်တိုင်းဝင်​ရောက်နိုင်​ကြောင်း လည်း အိန္ဒိယမိုး​လေးဝသဌာနက ခန့်မှန်းတွက်ချက်ထားသည်။

မုန်တိုင်းသတင်းကို အဆက်မပြတ်နားထောင်နေရန် လူသားချင်းစားနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။