Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘီးလင်းတိုးဂိတ်အဟောင်း၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို KNU/PDF ပူးပေါင်းတိုက်ခိုက်

KNUနှင့် သထုံ PDFပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ကလည်း ဘီးလင်းမြို့ရဲစခန်းနှင့် မြို့နယ်ထွေအုပ်ရုံးအားသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေ ဘီးလင်းတိုးဂိတ်အဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ယမန်နေ့ညပိုင်းက သွား ရောက်တိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ် ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်မဟာ(၁)၊ တပ်ရင်း(၂) နှင့်သထုံ PDF ပူးပေါင်းအဖွဲ့က မတ်လ ၂၈ရက် ညနေ ၆နာရီခန့်တွင် စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးများဖြင့်သွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိ၊မရှိကို ဖော်ပြမထားပေ။

KNUနှင့် သထုံ PDFပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ကလည်း ဘီးလင်းမြို့ရဲစခန်းနှင့် မြို့နယ်ထွေအုပ်ရုံးအားသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မတ်လ ၂၆ရက်ကလည်း သထုံမြို့နယ် ပိန္နဲတော ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း နှစ်နေရာနှင့် မတ်လ ၂၁ရက်က သထုံမြို့နယ် ဝင်းပကျေးရွာနှင့် ဝီယော်ကျေးရွာမှ စစ်ကောင်စီတပ်စခန်း နှစ်နေရာကို KNU/PDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။