Connect with us

Hi, what are you looking for?

News

ဘီးလင်းတိုးဂိတ်အဟောင်း၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို KNU/PDF ပူးပေါင်းတိုက်ခိုက်

KNUနှင့် သထုံ PDFပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ကလည်း ဘီးလင်းမြို့ရဲစခန်းနှင့် မြို့နယ်ထွေအုပ်ရုံးအားသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေ ဘီးလင်းတိုးဂိတ်အဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ယမန်နေ့ညပိုင်းက သွား ရောက်တိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ် ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်မဟာ(၁)၊ တပ်ရင်း(၂) နှင့်သထုံ PDF ပူးပေါင်းအဖွဲ့က မတ်လ ၂၈ရက် ညနေ ၆နာရီခန့်တွင် စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးများဖြင့်သွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိ၊မရှိကို ဖော်ပြမထားပေ။

KNUနှင့် သထုံ PDFပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ကလည်း ဘီးလင်းမြို့ရဲစခန်းနှင့် မြို့နယ်ထွေအုပ်ရုံးအားသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မတ်လ ၂၆ရက်ကလည်း သထုံမြို့နယ် ပိန္နဲတော ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း နှစ်နေရာနှင့် မတ်လ ၂၁ရက်က သထုံမြို့နယ် ဝင်းပကျေးရွာနှင့် ဝီယော်ကျေးရွာမှ စစ်ကောင်စီတပ်စခန်း နှစ်နေရာကို KNU/PDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။