Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖြတ်သန်းသွားလာခြင်းမပြုရန် တားမြစ်ထားသည့် အာရှလမ်း၌ သွားလာမှုအချို့ဆက်ရှိ

ကရင်အမျိုးသားမီဒီယာ၏ ဖော်ပြချက်တွင် အာရှလမ်း ကော့ကရိတ်ဘက်ခြမ်းရှိ တံတန်ကူးတံတားအနီး ကားကြီး နှစ်စီး၊ ကားငယ်နှစ်စီးကို အမည်မသိအဖွဲ့တစ်ခုက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပစ်ခတ်မှုများကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း ပါရှိသည်။

(ပစ်ခတ်မှုများ​ကြောင့် သွားလာသည့်ယာဥ်အချို့ ထိခိုက်ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

▪️ပစ်ခတ်မှုများကြောင့် အရပ်သားအချို့ ထိခိုက်ပြီး ယာဉ်အချို့ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်က ဖြတ်သန်းသွာလာခြင်းမပြုရန် မေတ္တာရပ်ခံထားသည့် ကော့ကရိတ်- မြ၀တီ လမ်းပိုင်း၌ ခရီးသွားလာမှုများ ဆက်ရှိနေပြီး ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးထိခိုက်မှု အချို့ရှိသလို ယာဉ်အချို့ ပျက်စီးခဲ့ကြောင်း ကော့ကရိတ်ဒေသခံ တစ်ဦးက ပြော သည်။

(ပစ်ခတ်မှုများ​ကြောင့် သွားလာသည့်ယာဥ်အချို့ ထိခိုက်ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ဓာတ်ပုံ – CJ)

“ခရီးသွားပြည်သူတွေက မလိုက်နာကြတဲ့ သဘောဖြစ်တော့ ဒေသခံလူထုတွေတော့ ကျွန်တော်ကြား သိသ လောက် ထိခိုက်တာတွေရှိတယ်။ ယာဉ်တွေပျက်စီးမှုတွေ အနည်းအကျဉ်းရှိတယ်။ စကစဘက်ကလည်း အရပ်ကားတွေ အသုံးပြုပြီးတော့ အရပ်ဝတ်နဲ့ သွားလာနေကြတယ်ဆိုတော့ အဲဒါလူမှားပြီးတော့ ပစ်ခတ်တာတို့ နှစ်ဖက်စစ်တပ်က ဝိုင်းပစ်တာတို့ အဲဒီလိုပုံစံလေး ဖြစ်ပေါ်နေတဲ့ အနေအထားတစ်ခုမှာ လူထုတွေကတော့ ထိခိုက်နစ်နာမှုရှိတာပေါ့”ဟု ၎င်းက ဆိုသည်။

(ပစ်ခတ်မှုများ​ကြောင့် သွားလာသည့်ယာဥ်အချို့ ထိခိုက်ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ဓာတ်ပုံ – CJ)

ကရင်အမျိုးသားမီဒီယာ၏ ဖော်ပြချက်တွင် အာရှလမ်း ကော့ကရိတ်ဘက်ခြမ်းရှိ တံတန်ကူးတံတားအနီး ကားကြီး နှစ်စီး၊ ကားငယ်နှစ်စီးကို အမည်မသိအဖွဲ့တစ်ခုက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပစ်ခတ်မှုများကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း ပါရှိသည်။

Public Service Announcement

Public Service Announcement

“ပြည်သူလူထုကို ပြောကြားချင်တာက ဒီလိုမျိုး ထုတ်ပြန် ကြေညာချက်ကို အားလုံးလိုက်နာဖို့လည်း အဓိက လိုအပ်ချက်ရှိတယ်”ဟု ဒေသခံက ပြောသည်။

(ပစ်ခတ်မှုများ​ကြောင့် သွားလာသည့်ယာဥ်အချို့ ထိခိုက်ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ဓာတ်ပုံ – CJ)

ကော့ကရိတ်အပါအဝင် KNU တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းထိုးစစ်ဆင်နေ၍ KNU ဦးဆောင်သည့် ပူးပေါင်းတပ်များဖြင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

“တင်းမာနေဆဲ အချိန်မရွေး ဖြစ်နိုင်တယ်။ တိုက်ပွဲက ဆက်ဖြစ်ဖို့ပဲများနေတယ်”ဟု ကော့ကရိတ်ဒေသခံက ယနေ့ ကော့ကရိတ်ဒေသ စစ်ရေးအခြေအနေကို ပြော သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီသည် ယခုနှစ်အတွင်း ပြည်သူ ၃၀ဦးကို ဖမ်းဆီးခဲ့ရာ ၁၀ဦးအား ပြန်လွှတ်ပေးခြင်းမရှိသေးဟု မင်းတပ် CDFက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီလက်ထဲရှိ ဖမ်းဆီးထိန်းသိမ်းခံ အထက်ပါအရပ်သားပြည်သူများ၏ အသက်အန္တရာယ်မှာ ကြီိးမားစွာခြိမ်းခြောက်ခံနေရကြောင်း HDCO က ဆိုသည်။