Connect with us

Hi, what are you looking for?

LuduNwayOo

News

သင်္ကြန်ကာလအတွင်း စစ်‌ဆင်ရေးအရှိန်မြှင့်မည်ဖြစ်၍ ပိတ်ပင်ထားမည့် မုံရွာလမ်းပိုင်းများကို ချိုမိုင်မိုင် မဟာမိတ်တပ်​ပေါင်းစု အသိ​ပေး

“ကျွန်တော်တို့ စစ်ဆင်ရေးတွေလုပ်ဆောင်တဲ့အခါ ပြည်သူတွေကို မထိစေချင်ဘူး။အဲဒါကြောင့် ပြည်သူတွေဘက်က အပြည့်အဝ ပူးပေါင်းပေးပါ”ဟု အထက်ပါတပ်ပေါင်းစုတာဝန်ရှိသူက People’s Springသို့ ပြောသည်။

(စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး အမျိုးသမီးများ ဦးဆောင်သည့် သပိတ်စစ်ကြောင်းသည် ဧပြီ ၁၁ ရက်က စစ်ကောင်စီ၏ သင်္ကြန်ပျော်ပွဲ၊ရွင်ပွဲများ၌ မပါဝင်ဘဲ တော်လှန်သင်္ကြန် ပြုလုပ်ကြရန် ဆန္ဒပြခဲ့ကြသည်။)

သင်္ကြန်ကာလအတွင်း စစ်‌ဆင်ရေးအရှိန်မြှင့်မည်ဖြစ်သောကြောင့် ပြည်သူများအ​နေဖြင့် မုံရွာမြို့လမ်းပိုင်းများနှင့်ပတ်သက်ပြီး ပြည်သူများ အသုံးမပြုရန် ပိတ်ထားမည့် လမ်းပိုင်းများကို ချိုမိုင်မိုင် “ယင်းမာပင် – ကနီ မဟာမိတ်တပ်ပေါင်းစုက အသိ​ပေးလိုက်သည်။

သင်္ကြန်ကာလတွင် မုံရွာ – ကလေး၀လမ်းပိုင်း၊ မုံရွာ – ပုသိမ်လမ်းပိုင်း နှင့် မုံရွာ – ယင်းမာပင် – ပုလဲ လမ်းပိုင်းကို ပြည်သူများ အသုံးမပြုရန်၊ အသုံးပြုခဲ့မည်ဆိုပါက ဖြစ်ပေါ်လာမည့် ကိစ္စရပ်များကိုတာဝန်ယူမည် မဟုတ်ကြောင်း သတိပေးသည်။

“ကျွန်တော်တို့ စစ်ဆင်ရေးတွေလုပ်ဆောင်တဲ့အခါ ပြည်သူတွေကို မထိစေချင်ဘူး။အဲဒါကြောင့် ပြည်သူတွေဘက်က အပြည့်အဝ ပူးပေါင်းပေးပါ”ဟု အထက်ပါတပ်ပေါင်းစုတာဝန်ရှိသူက People’s Springသို့ ပြောသည်။

ပြည်သူများအနေဖြင့် သင်္ကြန်မဏ္ဍပ်များသို့ သွားရောက်လည်ပတ် ပျော်ပါးခြင်း၊ လူစည်ကားရာနေရာများသို့ သွားရောက် ရေကစားခြင်းကို အထူးရှောင်ရှားလည်း ထပ်ဆင့် သတိပေးသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို စည်းကားစွာကျင်းပနိုင်ရန် မြို့နယ်အလိုက် မဏ္ဍပ်များဆောက် လုပ်နိုင်ရေး ဖိအားပေးလျှက်ရှိသည်။

ထို့ကြောင့် စစ်အုပ်စု၏ အတုအယောင်ဝါဒဖြန့် သင်္ကြန်ပွဲတော်ပါဝင်ဆင်နွှဲခြင်းမလုပ်ရန်နှင့် တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟု တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

ရန်ကုန်မြို့ရှိ ကျောက်တံတား၊ စမ်းချောင်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း စသည့် မြို့နယ်တို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ တည်ဆောက်၍ ရေပက်ခံသူပြည်သူများဖြင့် စည်ကားနေကြောင်း ပြသရန် ကြိုးပမ်းလျက်ရှိသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။