Connect with us

Hi, what are you looking for?

News

မြန်မာ့အကျပ်အတည်း အမြန်ဆုံးဖြေရှင်းရေး Quad အင်အားကြီးလေးနိုင်ငံကို NUG တောင်းဆို

Quad အင်အားကြီးလေးနိုင်ငံသည် အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် သည်းမခံရန်၊ တရားမျှတမှုရရှိစေရေးအတွက် အကြမ်းဖက်စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်ဆိုင်ရာပြစ်မှုများနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူများအား အရေးယူရန် အချက်များကို NUG တောင်းဆိုသည်။

Photo - Anthony Albanese FB

မြန်မာ့အကျပ်အတည်းကို အမြန်ဆုံးဖြေရှင်းနိုင်ရေး အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယတို့ ပါဝင်သော Quad အင်အားကြီးလေးနိုင်ငံက တရားဝင်အလုပ်အဖွဲ့(Formal Working Group) ဖွဲ့စည်းပေးရန် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်သည်။

အမေရိကန်သမ္မတဘိုင်ဒင်၊ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်ဘိန်း၊ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့သည် တိုကျို၌ Quad ထိပ်သီးအစည်းအဝေးကို မေလ၂၃ရက်နှင့်၂၄ ရက်တို့တွင် ကျင်းပနေရာ လက်ရှိမြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့် ဒီမိုကရေစီအရေးတို့ အတွက် နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တိုက်တွန်းထုတ်ပြန်ခြင်းဖြစ်သည်။

Quad အင်အားကြီးလေးနိုင်ငံသည် အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် သည်းမခံရန်၊ တရားမျှတမှုရရှိစေရေးအတွက် အကြမ်းဖက်စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်ဆိုင်ရာပြစ်မှုများနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူများအား အရေးယူရန် အချက်များကို NUG တောင်းဆိုသည်။

ဆက်လက်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် နိုင်ငံရေးအပေါ်ဗဟိုပြု၍ပေါ်ပေါက်လာသော မြန်မာနိုင်ငံ၏ ဆိုးရွားလှသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဆိုးကြီး ကို ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်ပေးနိုင်ရန်၊ အကြမ်းဖက်စစ်ကောင်စီ၏ လူသတ်မှုများကို ကျူးလွန်နိုင်ရန် ပံ့ပိုးပေးနေသည့် အကြောင်းအရာဖြစ်သော လက်နက်ခဲယမ်းနှင့် လေယာဉ်လောင်စာများ ရောင်းချမှုကို Quad အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ အခွင့်အာဏာကို အသုံး ချ၍ ကန့်သတ်ပေးရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုမှလွတ်ကင်းသည့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အား မြန်မာပြည်သူတို့၏ လက်ဝယ်တွင်သာ တည်ရှိနိုင်ရန် အချက်များကိုလည်း NUG က တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းမည့် အလားအလာ လုံးဝမရှိသည့်အပြင် တရားဝင်ဖြစ်သည့် ပြည်သူဆန္ဒများကိုလည်း လျစ်လျူရှုနေကြောင်း NUGက ထုတ်ပြန်သည်။

မြန်မာပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီကို လုံးဝအလိုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတွင်လည်း ပြည်သူတစ်ရပ်လုံးအပေါ် လွှမ်းမိုးနိုင်သည့် အခွင့်အာဏာ ရှိမနေကြောင်း NUGက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။