Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်ရှိ အာဏာရှင်ဟောင်း ဦးသန်းရွှေ၏နေအိမ် ဗုံးထုခံရ

ကျောက်ဆည်မြို့ရှိ နေအိမ်တွင် ဦးသန်းရွှေ နေထိုင်ခြင်းမရှိသော်လည်း စစ်တပ်ကိုအစောင့်ချထားပြီး ထိုအစောင့်တပ်များရှိနေသည့်ကြားမှပင် နွေဦးတော်လှန်ရေးကာလအတွင်း သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရသည်။

ဓာတ်ပုံ - KDDF
ဓာတ်ပုံ - KDDF

ဂိတ်စောင့်စစ်သားနှစ်ဦး သေဆုံးနိုင်

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ ကျောက်ဆည်မြို့နေအိမ်ကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KDDF)က ယနေ့(ဇွန် ၁၉)ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီ ၄၅ ခန့်က ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ဦးသန်းရွှေ၏နေအိမ်ဟု လူသိများသော စစ်တပ်မှလုံခြုံရေးယူထားသည့် နေအိမ်ခြံဝင်းရှေ့ဂိတ်တဲအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KDDF က ပြောသည်။

“ဟုတ်ကဲ့ခင်ဗျ။ အစောင့်ဂိတ်မှာ စစ်ခွေးနစ်ကောင်ရှိတယ်ခင်ဗျ။ နှစ်ကောင်သေနိုင်တယ်။​ ခွေးတွေက အကာကွယ်မရှိဘူး။ သူတို့ရှေ့ကျတာ။ ကျွန်တော်တို့က အုတ်တံတိုင်းကိုအကာ အကွယ်ယူပြီး အနီးကပ်ပစ်လိုက်တာ”ဟု KDDF တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက People’s Springသို့ ပြောသည်။

ထိခိုက်မှုအခြေအနေမသိရသေးကြောင်း၊ အိမ်အတွင်းတွင် စစ်တပ်အရာရှိအချို့နှင့် တပ်သားအချို့နေထိုင်နေသည်ဟု ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်ဟောင်းတစ်ဦး၏နေအိမ်အား ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ရခြင်းမှာ မြို့လည်တွင် ကင်းဂိတ်များချပြီး မည်သို့နေထိုင်စေ ပြည်သူလူထုအား အကြမ်းဖက်နေသူများအတွက် မည်သည့်နေရာတွင်မှ မလုံခြုံကြောင်းကို ပြသလို၍ဖြစ်ကြောင်း ၎င်းတော်လှန်ရေးရဲဘော်ကဆက်ပြောသည်။

ဦးသန်း​ရွှေသည် ၁၉၈၈စစ်တပ်အာဏာသိမ်းမှုတွင်အဓိကပါဝင်သူများထဲမှတစ်ဦးဖြစ်ပြီး နအဖ ၊နဝတစစ်အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီးဖြစ်ကာ လက်ရှိအာဏာသိမ်းစစ်​ခေါင်းဆောင် မင်း​အောင်လှိုင်ကို တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် တာဝန်​ပေးအပ်ခဲ့သူဖြစ်သည်။ ၂၀၁၆ တွင် အနားယူပြီး​​နောက်ပိုင်း စစ်​ခေါင်း​ဆောင်များအတွက် သီးသန့်​ဆောက်လုပ်ထား​သောနေပြည်​တော်ရှိ ​ခြောက်လုံးတန်းအိမ်​တော်တွင်​နေထိုင်​နေသူ ဖြစ်သည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး ဒေသတွင်းအဖွဲ့တစ်ခုဖြစ်သည့် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F) က စစ်ရေးအခြေအနေအရ နေ့လယ်ခင်းပိုင်းမှ ထပ်မံထုတ်ပြန်ပေးမည်ဟု ပြောသည်။

ကျောက်ဆည်မြို့ရှိ နေအိမ်တွင် ဦးသန်းရွှေ နေထိုင်ခြင်းမရှိသော်လည်း စစ်တပ်ကိုအစောင့်ချထားပြီး ထိုအစောင့်တပ်များရှိနေသည့်ကြားမှပင် နွေဦးတော်လှန်ရေးကာလအတွင်း သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။