Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရှေ့နေ ၂ ဦး ထပ်မံဖမ်းဆီးခံရ၊
တပတ်အတွင်း ပစ်မှတ်ထားဖမ်းခံရတဲ့ ရှေ့နေ ၅ ဦးထိရှိလာ

အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လ ကုန်ပိုင်းက အိုးဘိုထောင်တွင်းတရားရုံးကနေ အမှုစစ်ပြန်လာတဲ့ ရှေ့နေ ၃ ဦးကို ဖမ်းဆီးထားတာရှိပါတယ်။

ဓာတ်ပုံ − GETTY IMAGES
ဓာတ်ပုံ − GETTY IMAGES

နွေဦးတော်လှန်ရေးကာလအတွင်း နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးခံရသူတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးက ရှေ့နေ ၂ ဦးကို စစ်အုပ်စုက မနေ့က ထပ်မံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

စစ်အုပ်စုရဲ့ ဖမ်းဆီးခံလိုက်ရသူ ၂ ဦးဟာ ရှေ့နေ ဦးအောင်မင်းသူနဲ့ ရှေ့နေ ဒေါ်သန်းသန်းလွင်တို့ ဖြစ်တယ်လို့ တရားရေးအသိုင်းအဝိုင်းကဆိုပါတယ်။

နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် ဖမ်းဆီးသွားတာလို့သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လ ကုန်ပိုင်းက အိုးဘိုထောင်တွင်းတရားရုံးကနေ အမှုစစ်ပြန်လာတဲ့ ရှေ့နေ ၃ ဦးကို ဖမ်းဆီးထားတာရှိပါတယ်။

Public Service Announcement

Public Service Announcement

ရှေ့နေ တွေကို ပစ်မှတ်ထားဖမ်းဆီးထားတာကြောင့် မန္တလေးမှာ စစ်အုပ်စုရဲ့ ဖမ်းဆီးတာခံရတဲ့ရှေ့နေ ၁၅ ဦးထိ ရှိလာပါပြီ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။