Connect with us

Hi, what are you looking for?

သတင်း

မန္တလေးအိုးဘိုထောင်ကနိုင်ငံရေး အကျဉ်းသား ၈၀ ဦးခန့် မြင်းခြံထောင်ကိုပြောင်းရွှေ့ခံရ

ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ရန်ကုန် အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေကို နယ်ထောင်တွေဆီ စစ်ကောင်စီက ပြောင်းရွှေ့တာမျိုးလုပ်ခဲ့တာရှိပါတယ်။

မန္တလေးအိုးဘိုထောင်
မန္တလေးအိုးဘိုထောင်

မန္တလေး အိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို မြင်းခြံထောင်ဆီ အာဏာသိမ်းစစ်ကောင်စီက ပြောင်းရွှေ့နေတယ်လို့သိရပါတယ်။

တော်လှန်ရေးကာလအတွင်း မန္တလေးတိုင်းအတွင်းက သတင်းတွေကို စုစည်းဖော်ပြတဲ့ သပြေညိုသတင်းလွှာရဲ့ဖော်ပြချက်အရ ဇူလိုင်လ ၃ ရက်နေ့မှာနိုင်ငံရေးအကျဉ်းသူ၊အကျဉ်းသား ၈၀ ဦးကို မြင်းခြံထောင် ဆီ အတင်းပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်။

ပြောင်းရွှေ့ခံရသူ ၈၀ ဦးထဲမှာ အမျိုးသမီး ၂၀ ဦးပါဝင်ပါတယ်။ ဒီလို ပြောင်းရွှေ့လိုက်သူတွေထဲကအချို့ကို ရဲဘက်စခန်းဆီ ထပ်မံပြောင်းရွှေ့ဦးမယ်လို့ဆိုတဲ့သတင်းတွေလည်းထွက်နေပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ရန်ကုန် အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေကို နယ်ထောင်တွေဆီ စစ်ကောင်စီက ပြောင်းရွှေ့တာမျိုးလုပ်ခဲ့တာရှိပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။