Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာရေး အကူ အညီများ ထောက်ပံ့ပေးရန် NUG ယာယီသမ္မတညွှန်ကြား

အထက်ပါ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုလိုလားသော နိုင်ငံရေးပါတီများအနေဖြင့် မင်းအောင်လှိုင်ပြင်ဆင်နေသည့် ၂၀၂၃ ရွေးကောက်ပွဲကို မပါဝင်ဘဲ ပြည်သူလူထု၏ဆန္ဒအတိုင်းရပ်တည်ရန်လိုအပ် ကြောင်း ပြောသည်။

စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာရေး အကူ အညီများ ထောက်ပံ့ပေးရန် NUG ယာယီသမ္မတညွှန်ကြား
စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာရေး အကူ အညီများ ထောက်ပံ့ပေးရန် NUG ယာယီသမ္မတညွှန်ကြား

▪️နိုင်ငံရေးပါတီများ မင်းအောင်လှိုင်ပြင်ဆင်နေသည့်ရွေးကောက်ပွဲမဝင်ရန် ဝန်ကြီးချုပ်တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်မှုကြောင့် စစ်ဘေးသင့်၊ စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာရေး အကူအညီများ ထောက်ပံ့ပေးရန် NUG ယာယီသမ္မတက ညွှန်ကြားလိုက်သည်။

ယနေ့ကျင်းပသော (၆၀)ကြိမ်မြောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက ထည့်သွင်းညွှန်ကြားခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးခရီးကို မဆုတ်မနစ်ကြိုးစားကြရန်လည်း တိုက်တွန်းခဲ့သည်။

အထက်ပါ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုလိုလားသော နိုင်ငံရေးပါတီများအနေဖြင့် မင်းအောင်လှိုင်ပြင်ဆင်နေသည့် ၂၀၂၃ ရွေးကောက်ပွဲကို မပါဝင်ဘဲ ပြည်သူလူထု၏ဆန္ဒအတိုင်းရပ်တည်ရန်လိုအပ် ကြောင်း ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ပြည်သူလူထု ဆန္ဒမပါဘဲ ၂၀၂၃ ရွေးကောက်ပွဲကို မရရအောင်လုပ်ဆောင်ရန် ကြံရွယ်နေကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် NUG ၏ အုပ်ချုပ်ရေးဖော်ဆောင်နေသည့် စစ်ကိုင်း၊ မကွေးတိုင်း ဒေသများတွင် စနစ်တကျအုပ်ချုပ်စီမံနိုင်ရန် ဆောင်ရွက်နေသည်မှာ အတန်အသင့်ခရီးရောက်နေပြီး စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရာတွင် သံတမန်ရေး၊ စစ်ရေး၊ နိုင်ငံရေး၊ လူထု၏ ညီညွတ်မှုအင်အား စသည့် ကဏ္ဍစုံ၊ ဘက်ပေါင်းစုံဆောင်ရွက်နေကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။

စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာရေး အကူ အညီများ ထောက်ပံ့ပေးရန် NUG ယာယီသမ္မတညွှန်ကြား
စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာရေး အကူ အညီများ ထောက်ပံ့ပေးရန် NUG ယာယီသမ္မတညွှန်ကြား

သို့သော် NUG အစိုးရအဖွဲ့အတွင်း ကော်မတီ၊ ကော်မရှင်အရေအတွက် ၁၆ ခုအထိ ရှိလာပြီး စီမံလုပ်ဆောင်ရသည်များ များပြားလွန်းသဖြင့် အစည်းအဝေးအတွင်း ဆုံးဖြတ်ချက် ချမှတ်ရာတွင် အခက်အခဲများ ဖြစ်နေကြသည်ကို ကြားသိရကြောင်း ဝန်ကြီးချုပ်က ပြောသည်။

“ဒါတွေအတွက်လည်း ကော်မတီရဲ့ လုပ်ငန်းတွေကို ကျစ်ကျစ်လျစ်လျစ်နဲ့ ထိထိရောက်ရောက် ဖြစ်စေဖို့ သေချာ ပြန်လည်သုံးသပ်ပြီး စနစ်တကျ စီမံပေးဖို့ ကျနော်တို့ ရုံးက တာဝန်ရှိသူတွေကိုလည်း မှာကြားထားပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တနိုင်ငံလုံးရှိ တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံးနှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်နိုင်သည်ကို တွေ့ရ၍ အလွန်အားရဖွယ်ကောင်းကြောင်း၊ တော်လှန်ရေးတွင် ဘုံသဘောထားရည်မှန်းချက်များနှင့်အတူ လျှောက်လှမ်းနိုင်နေကြသည့်အတွက် မကြာမီကာလတွင် အောင်မြင်မှုများကို မြင်တွေ့ရမည်ကို ခိုင်မာစွာယုံကြည်ကြောင်း မန်းဝင်းခိုင်သန်းက ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။