Connect with us

Hi, what are you looking for?

သတင်း

ကူမဲမြို့ ရန်ကုန် – မန္တလေးလမ်း​ဟောင်းတွင် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သုတ်သင်ရှင်းလင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန် လည် ဖြေကြားခြင်းမရှိသေးပေ။ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကူမဲမြို့
ကူမဲမြို့

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ကူမဲမြို့ ရန်ကုန် – မန္တလေးလမ်း​ဟောင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁၄ရက်) နံနက် ၉နာရီ ၁၅မိနစ်က ကူမဲမြို့၊ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်၌ ဆိုင်ကယ်ဖြင့်သွားလာနေသော ယူနီဖောင်းဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတစ်ဦးအား ပူးပေါင်းမဟာမိတ်အဖွဲ့က ရှင်းလင်းသုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း KDDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါဖြစ်စဥ်အား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)၊ BARMAHTE PEOPLE DEFENSE FORCE နှင့် URBAN GUERRILLA FORCE – KUME တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန် လည် ဖြေကြားခြင်းမရှိသေးပေ။ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F)နှင့် BARMAHTE PEOPLE DEFENSE FORCEတို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့သည် ဇွန်လ ၂၉ရက်ကလည်း ကျောက်ဆည်မြို့နယ်၊ ညောင်ပင်ဇောက်ကျေးရွာအနီး ကျောက်ဆည်-တံတားဦး ခရိုင်ပတ်လမ်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အီနာဂါဗုံးသီးဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။