Connect with us

Hi, what are you looking for?

သတင်း

လက်နက်နှင့်အလင်းဝင်လာသည့် ရဲတပ်သားကို ဆုကြေးကျပ်သိန်း ၆၀ ပေးအပ် ဟု ကန်ပက်လက် CDF အသိပေး

ရဲတပ်သားသည် G-3 လက်နက်ဖြင့် အလင်းဝင်လာခြင်းဖြစ်ပြီး ဆုကြေးငွေ ပေးအပ်ပြီးနောက် ၎င်း၏ ဆန္ဒအရ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - Chin Defence Force -Kanpetlet
ဓာတ်ပုံ - Chin Defence Force -Kanpetlet

ချင်းပြည်နယ် ကန်ပက်လက်မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည်လက်နက် နှင့်အတူ အလင်းဝင် လာ၍ ကျပ်သိန်း၆၀ ပေးအပ်ခဲ့ကြောင်း ကန်ပက်လက် မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ထုတ်ပြန်သည်။

ကန်ပက်လက်မြိုမ ရဲစခန်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ပြည့်ဆန်းနောင်သည် လက်နက်နှင့် အလင်းဝင်လိုကြောင်း ဆက်သွယ်လာ၍ ဇွန်လ ၂၃ရက်တွင် ကန်ပက်လ် CDFမှ သွားရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ CDM ဝင်ဖို့ကတော့ အစောကြီးကတည်းက အစီအစဉ်ရှိတယ်။ အစီအစဉ်ရှိတယ်ဆိုတာ အခက်အခဲ အကြပ်အတည်းလေးတွေရှိလို့ မဝင်ဖြစ်သေးတာ။ အခုကလည်း အုပ်ချုပ်မှုပိုင်းက တဖြည်းဖြည်းနဲ့ ဖိနှိပ်လာလို့ လူကြီးတွေကလည်း အပေါ်ကနေ တဖြည်းဖြည်းနဲ့ အောက်က ငယ်သားတွေကို မကြည့်ဘဲ ခိုင်းချင်ရာခိုင်းတယ်ပေါ့။ တဖြည်းဖြည်းနဲ့ စည်းကမ်းပိုင်းတွေ တင်းကြပ်လာတာ အဲဒါကြောင့်ရယ်။ ဒီပြင် စားဝတ်နေရေးလေးတွေလည်း အဆင်မပြေဘူးပေါ့နော် ။အဲဒါကြောင့်လေးတွေကြောင့်ပါ” ဟု ရဲတပ်သား ပြည့်ဆန်းနောင်က ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ရဲများအပေါ် နှိပ်ကွပ်နေပြီး တပ်သားအဆင့် အငယ်ပိုင်းကပင် လုပ်သက်ရင့် ရဲများကို ပါးရိုက်၊နားရိုက် စော်ကားမှုများရှိ သည်ဟု ၎င်းက ပြောပြသည်။

Public Service Announcement

Public Service Announcement

ရဲတပ်သားသည် G-3 လက်နက်ဖြင့် အလင်းဝင်လာခြင်းဖြစ်ပြီး ဆုကြေးငွေ ပေးအပ်ပြီးနောက် ၎င်း၏ ဆန္ဒအရ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။

ပြည်သူနှင့် ပူးပေါင်းလိုသည့် မည်သည့်ရဲနှင့် တပ်မတော်သားကိုမဆို နွေးထွေးစွာ ဖိတ်ခေါ်လျက် ရှိကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ