Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်နှင့်အလင်းဝင်လာသည့် ရဲတပ်သားကို ဆုကြေးကျပ်သိန်း ၆၀ ပေးအပ် ဟု ကန်ပက်လက် CDF အသိပေး

ရဲတပ်သားသည် G-3 လက်နက်ဖြင့် အလင်းဝင်လာခြင်းဖြစ်ပြီး ဆုကြေးငွေ ပေးအပ်ပြီးနောက် ၎င်း၏ ဆန္ဒအရ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - Chin Defence Force -Kanpetlet
ဓာတ်ပုံ - Chin Defence Force -Kanpetlet

ချင်းပြည်နယ် ကန်ပက်လက်မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည်လက်နက် နှင့်အတူ အလင်းဝင် လာ၍ ကျပ်သိန်း၆၀ ပေးအပ်ခဲ့ကြောင်း ကန်ပက်လက် မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ထုတ်ပြန်သည်။

ကန်ပက်လက်မြိုမ ရဲစခန်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား ပြည့်ဆန်းနောင်သည် လက်နက်နှင့် အလင်းဝင်လိုကြောင်း ဆက်သွယ်လာ၍ ဇွန်လ ၂၃ရက်တွင် ကန်ပက်လ် CDFမှ သွားရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ CDM ဝင်ဖို့ကတော့ အစောကြီးကတည်းက အစီအစဉ်ရှိတယ်။ အစီအစဉ်ရှိတယ်ဆိုတာ အခက်အခဲ အကြပ်အတည်းလေးတွေရှိလို့ မဝင်ဖြစ်သေးတာ။ အခုကလည်း အုပ်ချုပ်မှုပိုင်းက တဖြည်းဖြည်းနဲ့ ဖိနှိပ်လာလို့ လူကြီးတွေကလည်း အပေါ်ကနေ တဖြည်းဖြည်းနဲ့ အောက်က ငယ်သားတွေကို မကြည့်ဘဲ ခိုင်းချင်ရာခိုင်းတယ်ပေါ့။ တဖြည်းဖြည်းနဲ့ စည်းကမ်းပိုင်းတွေ တင်းကြပ်လာတာ အဲဒါကြောင့်ရယ်။ ဒီပြင် စားဝတ်နေရေးလေးတွေလည်း အဆင်မပြေဘူးပေါ့နော် ။အဲဒါကြောင့်လေးတွေကြောင့်ပါ” ဟု ရဲတပ်သား ပြည့်ဆန်းနောင်က ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ရဲများအပေါ် နှိပ်ကွပ်နေပြီး တပ်သားအဆင့် အငယ်ပိုင်းကပင် လုပ်သက်ရင့် ရဲများကို ပါးရိုက်၊နားရိုက် စော်ကားမှုများရှိ သည်ဟု ၎င်းက ပြောပြသည်။

Public Service Announcement

Public Service Announcement

ရဲတပ်သားသည် G-3 လက်နက်ဖြင့် အလင်းဝင်လာခြင်းဖြစ်ပြီး ဆုကြေးငွေ ပေးအပ်ပြီးနောက် ၎င်း၏ ဆန္ဒအရ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။

ပြည်သူနှင့် ပူးပေါင်းလိုသည့် မည်သည့်ရဲနှင့် တပ်မတော်သားကိုမဆို နွေးထွေးစွာ ဖိတ်ခေါ်လျက် ရှိကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။