Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ကိုကျော်ဝင်းစိန် စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေ

ဟုမ္မလင်းမြို့ခံ ကိုကျော်ဝင်းစိန်ကို အကြမ်းဖက်စစ်ကောင်စီက သြဂုတ် ၁ရက် တွင် မန္တလေးမြို့၌ ဖမ်းဆီးသွားခြင်းဟု ကိုကျော်ဝင်းစိန်၏ သူငယ်ချင်းများနှင့် ဆွေမျိုးများက ပြောသည်။

မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌဟောင်း ကိုကျော်ဝင်းစိန်အား ဟုမ္မလင်းမြို့ လူထုသပိတ်တွင်ပါဝင်ခဲ့သည်ဟုဆိုကာ အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ် တောက်နေသည်။

ဟုမ္မလင်းမြို့ခံ ကိုကျော်ဝင်းစိန်ကို အကြမ်းဖက်စစ်ကောင်စီက သြဂုတ် ၁ရက် တွင် မန္တလေးမြို့၌ ဖမ်းဆီးသွားခြင်းဟု ကိုကျော်ဝင်းစိန်၏ သူငယ်ချင်းများနှင့် ဆွေမျိုးများက ပြောသည်။

” ဖမ်းဆီးခံရပြီးကတည်းက ဘာသတင်းမှ မကြားလို့ စိတ်ပူနေကြရတယ်။ သူနဲ့အတူ သူ့မိတ်ဆွေမိန်းကလေးလည်း အဖမ်းခံလိုက်ရတယ်။ သူတို့ ဘယ်မှာရှိနေတယ်ဆိုတာလည်း မကြားရဘူးဖြစ်နေတယ်”ဟု ကိုကျော်ဝင်းစိန် ၏ ဆွေမျိုးတစ်ဦးက ပြောသည်။

အသက်(၂၄)နှစ်အရွယ် ကိုကျော်ဝင်းစိန်သည် မန္တလေးတက္ကသိုလ်ကျောင်းသား သမဂ္ဂ ဥက္ကဌဟောင်းလည်းဖြစ်သည်။ ၎င်းအား စစ်ကောင်စီတပ်က ဟုမ္မလင်းမြို့စစ်တပ်အတွင်း စစ်ဆေးနေကြောင်းသတင်းကြားရသလို မန္တလေးမြို့စစ်ကြောရေးတွင် ရှိနေဆဲဟုလည်း သတင်းများထွက်ပေါ်နေသည်။

Public Service Announcement

Public Service Announcement

ကိုကျော်ဝင်းစိန်တို့နှစ်ဦး ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များနှင့် အဆက် အသွယ် ပြတ်တောက်နေသည်မှာ ယနေ့(သြဂုတ် ၄ရက်)ဆိုလျှင် လေးရက် မြောက်ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။