Connect with us

Hi, what are you looking for?

သတင်း

ရန်သူ့ဘက်မှ အသွင်ယူ လှုပ်ရှားမှုရှိမရှိ သိရှိနိုင်ရေး KNU သထုံခရိုင်ရှိ တော်လှန်ရေးအင်အားစုများ မှတ်ပုံတင်ရမည်ဟုမိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီထုတ်ပြန်

တော်လှန်ရေးအင်အားစုများ အချင်းချင်း ဆက်သွယ်ချိတ်ဆက်မှု ကောင်းမွန်စွာဖြင့် အာဏာရှင်စနစ်အား အမြတ်ပြတ်ချေမှုန်းနိုင်ရန်အတွက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

(KNUတပ်မဟာ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ၏ ၂၀၂၁ နှစ်ကုန်ပိုင်းကပြုလုပ်​သော အစည်းအ​ဝေးတစ်ခု။ ။ဓါတ်ပုံ-မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ)
(KNUတပ်မဟာ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ၏ ၂၀၂၁ နှစ်ကုန်ပိုင်းကပြုလုပ်​သော အစည်းအ​ဝေးတစ်ခု။ ။ဓါတ်ပုံ-မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေအတွင်းရှိ တော်လှန်ရေးအင်အားစုများအနေဖြင့် ဩဂုတ် ၁၀ရက် နောက်ဆုံးထား၍ မှတ်ပုံတင်​ပေးရန် KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီက ယနေ့ထုတ်ပြန်သည်။

ယခုကဲ့သို့မှတ်ပုံတင်ခြင်းကိစ္စဆောင်ရွက်ရခြင်းမှာနယ်မြေအတွင်းရှိ အစုအဖွဲ့များ၏ အင်အားကို သိရှိရန်၊ နယ်မြေအတွင်း ရန်သူ့ဘက်မှ အသွင်ယူ လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ခြင်း ရှိမရှိ သိရှိရန်နှင့် နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများအား စနစ်တကျ ကွပ်ကဲနိုင်ရန်အတွက်ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် တော်လှန်ရေးအင်အားစုများ အချင်းချင်း ဆက်သွယ်ချိတ်ဆက်မှု ကောင်းမွန်စွာဖြင့် အာဏာရှင်စနစ်အား အမြတ်ပြတ်ချေမှုန်းနိုင်ရန်အတွက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

(KNUတပ်မဟာ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ၏ ၂၀၂၁ နှစ်ကုန်ပိုင်းကပြုလုပ်​သော အစည်းအ​ဝေးတစ်ခု။ ။ဓါတ်ပုံ-မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ)
(KNUတပ်မဟာ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ၏ ၂၀၂၁ နှစ်ကုန်ပိုင်းကပြုလုပ်​သော အစည်းအ​ဝေးတစ်ခု။ ။ဓါတ်ပုံ-မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ)

အဆိုပါ အသိပေးချက်ကို KNU သထုံခရိုင် တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ အတွင်းရှိ တော်လှန်ရေး အဖွဲ့များ သိရှိလိုက်နာ ဆောင်ရွက်ရန် ၊ သတ်မှတ်ရက်ကျော်လွန်သည်နှင့် မှတ်ပုံတင်ခြင်းကိစ္စရပ်အား ရပ်နားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

KNU သထုံခရိုင်တွင် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ဘားအံ(ဖားအံ) ပေါင် စသည့် ဒေသများပါဝင်သည်။

ယခုကဲ့သို့ မှတ်ပုံတင်ခြင်း ကိစ္စရပ် ဆောင်ရွက်ရန် ကြေညာချက်အပေါ် မေးမြန်းရန် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။ အဆိုပါ ကော်မတီကို KNU တပ်မဟာ(၁)က ဦးဆောင်ပြီး ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ စုပေါင်းကာ သထုံခရိုင် အတွင်း စစ်ဖက်ရေးရာကိစ္စရပ်များအတွက် သီးခြားဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။