Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ကြီးဟောင်း နေမျိုးဇင် အကျဥ်းထောင်မှ ပြန်လွတ်လာ

ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား ပြီးခဲ့သည့် ရွေးကောက်ခံ အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် ပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်က တရားစွဲဆိုထောင်ချခဲ့ခြင်းဖြစ်ပြီး အကျဥ်းထောင်အတွင်း သုံးနှစ်ကျော်နေထိုင်ပြီးနောက် ယခုပြန်လည်လွတ် မြောက်လားခြင်း ဖြစ်သည်။

(ဦးနေမျိုးဇင်အား ဖမ်းဆီးတရားစွဲဆို ရုံးထုတ်စဉ်က ပုံအဟောင်းကို အသုံးပြုထားပါသည်)
(ဦးနေမျိုးဇင်အား ဖမ်းဆီးတရားစွဲဆို ရုံးထုတ်စဉ်က ပုံအဟောင်းကို အသုံးပြုထားပါသည်)

ပုဒ်မ ၅၀၅(က)ဖြင့် မတရားဖမ်းဆီးထောင်ချခံထားရသော တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင် အကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ယနေ့(သြဂုတ် ၁၃)တွင် အသိပေးဖော်ပြသည်။

“သုံးနှစ်၊ သုံးလ၊ သုံးပတ်အကြာတွင် ကျွန်တော် ပြန်လာခဲ့ပါပြီ။ ကျေးဇူးပြုပြီးကျွန်တော့်ကို နားလည်ပေးကြပါ။ အားလုံးအတွက် ကျေးဇူးတင်ပါတယ်”ဟု အဓိပ္ပါယ်ရသောစာသားကို အဂ်လိပ်လိုရေးသား၍ ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား ပြီးခဲ့သည့် ရွေးကောက်ခံ အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် ပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်က တရားစွဲဆိုထောင်ချခဲ့ခြင်းဖြစ်ပြီး အကျဥ်းထောင်အတွင်း သုံးနှစ်ကျော်နေထိုင်ပြီးနောက် ယခုပြန်လည်လွတ် မြောက်လားခြင်း ဖြစ်သည်။

၎င်းသည် စစ်တပ်မှ ဗိုလ်ကြီးအဆင့်ဖြင့် နှုတ်ထွက်ခဲ့ပြီးနောက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး စစ်တပ်အပေါ် ဝေဖန်ဟောပြော၊ ရေးသားမှုများကြောင့် မကြာဏခ တရားစွဲဆိုခံရခြင်း၊ သတိပေးခံရခြင်းများ ​ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင်လည်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)ဖြင့် တရားစွဲဆို၍ ထောင်ဒဏ် (၁၀)ချမှတ်ခံရဖူးသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့။ အညာရဲ့ရာသီဥတုဟာ သိသိသာသာကြီးကို ပူပြင်းနေခဲ့တယ်။ ခြေထောက်တွေဆိုရင် ဖိန်းလို့ရှိန်းလို့။ မနက်လင်းကတည်းက ကျနော်ဟာ သွားလေရာ ဖုန်းတပွတ်ပွတ်နဲ့ အိန္ဒြေမရခဲ့ဘူး။ ဒီနေ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို နေအိမ်အကျယ်ချုပ်ပြောင်းမယ်ဆိုတဲ့သတင်းတွေ ထွက်နေတာမို့ သေချာတဲ့သတင်း တွေ့ရနိုး တွေ့ရနိုးနဲ့ မျှော်နေခဲ့တာပါ။

နိုင်ငံတကာ

အာဏာသိမ်းမှုနောက်ပိုင်း လူငယ်လူရွယ် နိုင်ငံရေး အကျဉ်းသား ၇၄ ဦးထက်မနည်းဟာ စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်မှုအတွင်း ကျဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

အခုနှစ် ၂ လတာကာလအတွင်း အကျဉ်းထောင်တွေမှာ သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်း သား ၄ ဦးထိ ရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

သတင်း

မန္တလေးအိုးဘိုအကျဥ်းထောင်မှာ ထောင်ဝန်ထမ်းတွေက နိုင်ငံ​ရေးအကျဥ်းသူ တဦးကိုရုံးထုတ်ချိန်မှာအချင်းချင်းနှုတ်ဆက်လို့ဆိုပြီးဝိုင်းဝန်းရိုက်နှက်ခဲ့မှုအပေါ် သက်သေလိမ်လည်ထွက်ဆိုပေးကြဖို့ မြင်​တွေ့တဲ့အကျဥ်းသူတွေကိုဖိအားပေးနေတယ်လို့ အကျဥ်းထောင်အတွင်းကပေးပို့လာတဲ့သတင်းတွေအရသိရပါတယ်။