Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗိုလ်ကြီးဟောင်း နေမျိုးဇင် အကျဥ်းထောင်မှ ပြန်လွတ်လာ

ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား ပြီးခဲ့သည့် ရွေးကောက်ခံ အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် ပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်က တရားစွဲဆိုထောင်ချခဲ့ခြင်းဖြစ်ပြီး အကျဥ်းထောင်အတွင်း သုံးနှစ်ကျော်နေထိုင်ပြီးနောက် ယခုပြန်လည်လွတ် မြောက်လားခြင်း ဖြစ်သည်။

(ဦးနေမျိုးဇင်အား ဖမ်းဆီးတရားစွဲဆို ရုံးထုတ်စဉ်က ပုံအဟောင်းကို အသုံးပြုထားပါသည်)
(ဦးနေမျိုးဇင်အား ဖမ်းဆီးတရားစွဲဆို ရုံးထုတ်စဉ်က ပုံအဟောင်းကို အသုံးပြုထားပါသည်)

ပုဒ်မ ၅၀၅(က)ဖြင့် မတရားဖမ်းဆီးထောင်ချခံထားရသော တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင် အကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ယနေ့(သြဂုတ် ၁၃)တွင် အသိပေးဖော်ပြသည်။

“သုံးနှစ်၊ သုံးလ၊ သုံးပတ်အကြာတွင် ကျွန်တော် ပြန်လာခဲ့ပါပြီ။ ကျေးဇူးပြုပြီးကျွန်တော့်ကို နားလည်ပေးကြပါ။ အားလုံးအတွက် ကျေးဇူးတင်ပါတယ်”ဟု အဓိပ္ပါယ်ရသောစာသားကို အဂ်လိပ်လိုရေးသား၍ ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား ပြီးခဲ့သည့် ရွေးကောက်ခံ အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် ပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်က တရားစွဲဆိုထောင်ချခဲ့ခြင်းဖြစ်ပြီး အကျဥ်းထောင်အတွင်း သုံးနှစ်ကျော်နေထိုင်ပြီးနောက် ယခုပြန်လည်လွတ် မြောက်လားခြင်း ဖြစ်သည်။

၎င်းသည် စစ်တပ်မှ ဗိုလ်ကြီးအဆင့်ဖြင့် နှုတ်ထွက်ခဲ့ပြီးနောက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး စစ်တပ်အပေါ် ဝေဖန်ဟောပြော၊ ရေးသားမှုများကြောင့် မကြာဏခ တရားစွဲဆိုခံရခြင်း၊ သတိပေးခံရခြင်းများ ​ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင်လည်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)ဖြင့် တရားစွဲဆို၍ ထောင်ဒဏ် (၁၀)ချမှတ်ခံရဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်ကျည်သောစိတ်ဓာတ်ဖြင့် မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်ရန် လေးလေးနက်နက်ကတိကဝတ်ပြုလိုက်ကြောင်း ဖော်ပြသည်။

သတင်း

သေဆုံးသူ၏ ရုပ်အလောင်းကို စစ်ကောင်စီက ဇာတိမွေးရပ်မြေ ဖလမ်းမြို့သို့ ပြန်လည် သယ်ယူခွင့်မပေး၍ ကလေးမြို့တွင် မြှပ်နှံခဲ့ရသည်ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

သတင်း

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အထက်ပါဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ရည်ရွယ်ချက်ရှိစွာ ကျူးလွန်နေသော စစ်အုပ်စုကို ယခုထက်ပိုမို၍ ဖိအားပေး အရေးယူရန် လိုအပ်ကြောင်း AAPP တာ၀န်ရှိသူက တိုက်တွန်းသည်။

သတင်း

အကျဉ်းထောင်ထဲကို လက်ကိုင်ဖုန်းသွင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြင်းခြံထောင်ကနိုင်ငံရေးအကျဉ်းသား ၁၁ ဦးကို အသုတ်လိုက်ခေါ်ထုတ်ပြီး စစ်ဆေးခဲ့တာပါ။