Connect with us

Hi, what are you looking for?

သတင်း

၂ လတာအတွင်း နိုင်ကျဉ်း ၄ ဦး ထောင်တွင်းမှာ အသက်ဆုံးပါး

အခုနှစ် ၂ လတာကာလအတွင်း အကျဉ်းထောင်တွေမှာ သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်း သား ၄ ဦးထိ ရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

၂၀၂၅ ခုနှစ် ၊ဇန်နဝါရီလ ၊ ဖေဖော်ဝါရီ ၂ လတာကာလအတွင်းနိုင်ကျဉ်း တွေ သေဆုံးခဲ့ရတဲ့ အိုးဘိုထောင် ၊ သာယာဝတီထောင်နဲ့ ဒိုက်ဦးထောင်တို့ကို Google Earth က တွေ့ရပုံ

ဆိုင်းမင်း/People’s Spring

အခုနှစ် ၂ လတာကာလအတွင်း အကျဉ်းထောင်တွေမှာ သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်း သား ၄ ဦးထိ ရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

ထောင်တွင်းဆုံးပါးခဲ့ရသူနိုင်ကျဉ်းတွေ မှာ အမျိုးသမီး ၁ ဦး ၊အမျိုးသား ၃ ဦးတို့ဖြစ်ပြီး မန္တလေးအိုးဘိုထောင်က ၂ ဦး ၊ ပဲခူးတိုင်း သာယာဝတီထောင်က ၁ ဦး ၊ ဒိုက်ဦးထောင်က ၁ ဦးတို့ ဖြစ်ကြပါတယ်။

ဇန်နဝါရီလ ၅ ရက်က သာယာဝတီထောင်မှာ လက်နက် မှု နဲ့ ထောင် ၃ နှစ်ကျခံနေရတဲ့ ကိုသူရအောင် ရုတ်ရက်အမောဖောက်ပြီး ဆုံးပါးရသလို ရက်ပိုင်းအကြာ ဇန်နဝါရီ ၁၀ ရက်မှာတော့ ဒိုက်ဦးထောင်မှာ အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင် ၁၁ နှစ် ချခံထားရသူ ကိုမျိုးမင်းဦး လည်း ဆီးကျောက် ဝေဒနာ နဲ့ အသက်ဆုံးရှုံးခဲ့ရတယ်လို့ PPNM က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ကျန်တဲ့ နိုင်ကျဉ်း အမျိုးသားနဲ့ အမျိုးသမီး ၂ ဦးတို့ကတော့ အိုးဘိုထောင်က ဖြစ်ပြီး ဖေဖော်ဝါရီလမှာပဲ သေဆုံးခဲ့ရတာပါ။

အမျိုးသမီး က အသက် ၆၅ နှစ်အရွ​ယ် ဒေါ်စန်းရီ ဖြစ်ပြီး သူ့ကို စစ်တပ်အာဏာသိမ်းစ ဧပြီလ တတိယပတ်အတွင်း မန္တလေး ၊ချမ်းမြသာစည် မြို့နယ် ၊ အမှတ် (၁၀) ရဲစခန်း ဗုံးခွဲသူ လူငယ် တွေကို လက်ခံထားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထောင် ၂၂ နှစ်ချထားတာပါ။

ဒေါ်စန်းရီ ဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ သွေးတိုး၊ ဆီးချို၊ နှလုံး​၊အသည်းရောဂါ ဝေဒနာတွေနဲ့ ဆုံးပါးခဲ့တယ်လို့ PPNM က ဆိုပါတယ်။

ရှစ်ရက်အကြာ ဖေဖော်ဝါရီ ၁၈ ရက်က အိုးဘိုထောင်မှာပဲ ပုဒ်မ ၅၀၅ (က) နဲ့ထောင် ၃ နှစ် ချခံရသူ ကိုအောင်ထွန်း ထပ်မံသေဆုံးခဲ့ရတယ်လို့သိရပါတယ်။

ကိုအောင်ထွန်းဟာ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး အိုးဘိုထောင်မှ ခန္ဓာကိုယ်မှာ အနာတွေ ပေါက်လာပြီး အနာပိုးဝင်ကာ ထောင်ဆေးရုံမှာ တက်‌ ရောက်ကုသမှု ခံယူခဲ့ပေမယ့် တစ်ပတ်ခန့်အကြာမှာ သေဆုံးခဲ့ရတယ်လို့ PPNM က ဖော်ပြပါတယ်။

ကိုအောင်ထွန်းသေဆုံးရတဲ့အကြောင်းရင်းကို စိစစ်ဖို့ လိုအပ်တယ်လို့လည်း PPNM က အသိပေးပါတယ်။

၂၀၂၁ ခုနှစ် မှာ စစ်တပ်ရဲ့ တကျော့ပြန်အာဏာသိမ်းမှုအပြီး အာဏာသိမ်းမှုကိုဆန့်ကျင်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ၂၈,၆၇၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP ) က ဖော်ပြပါတယ်။

ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းတွေဟာ ဆိုးရွားလှတဲ့ထောင်တွင်း ဖိနှိပ်မှုတွေ ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံတွေ့ရတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်မပေးတဲ့အတွက် ဒါဇင်နဲ့ချီပြီး အသက်ဆုံးရှုံးခဲ့ရသူတွေ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကြွေးတာကြောင့် ဩဂုတ်၂၀ ရက်က ယာယီဆောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ အစာငတ်ခံဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ နိုင်ကျဉ်းမိသားစုဝင် တွေကပြောပါတယ်။

သတင်း

သာယာဝတီအကျဉ်းထောင်ကို ထောင်ပြောင်းလာရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ဦးကို ထောင်အရာရှိတွေက တစ်ဦး ကျပ် ၃သိန်းစီပေးဖို့ အတင်းအဓမ္မ တောင်းယူနေပြီး မပေးနိုင်ပါက မိလ္လာရေ သယ်ခိုင်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

တောင်ငူအကျဉ်းထောင်မှာ အကျဉ်းသားဦးရေများပြားလာလို့ နိုင်ငံရေးအကျဉ်းသား ၁၀၀ အပါအဝင် အကျဥ်းသား ၅၀၀ ခန့်ကို သာယာဝတီအကျဉ်းထောင် ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦး​ဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။