Connect with us

Hi, what are you looking for?

News

မုံရွာအကျဥ်းထောင်တွင်း အကြမ်းဖက်မှုအပေါ် တုန့်ပြန်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ တစ်ဦးသေ

ပစ်ခတ်နှိမ်နင်းမှုကြောင့် အကျဥ်းသားတစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာဒေသခံများထံမှ သိရသည်။

မုံရွာအကျဥ်းထောင်အတွင်း ဆန္ဒထုတ်ဖော်မှုကို အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့သည့် စစ်ကောင်စီတပ်အား တုန့်ပြန်တိုက်ခိုက်ခဲ့ကြောင်း ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)က ယနေ့(ဧပြီ ၄)ထုတ်ပြန်သည်။

ယမန်နေ့(ဧပြီ ၃)ညနေ့ည ၈ နာရီ ၄၈မိနစ်တွင် မုံရွာမြို့တောင်ဘက် မြို့အဝင်မုဂ်ဦးအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို ကျည် ၁၈တောင့်ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေကာ ထိခိုက်ဒဏ်ရာရမှုများလည်းရှိသည်ဟု ထုတ်ပြန်သည်။

ယမန်နေ့(ဧပြီ ၃)ညနေပိုင်းက မုံရွာအကျဥ်းထောင်အတွင်း အကျဥ်းသားများဆန္ဒဖော်ထုတ်စဥ် စစ်ကောင်စီလက်အောက်ခံ အကျဥ်းထောင်တာဝန်ရှိသူများက အကြမ်းဖက်ပစ်ခတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်နှိမ်နင်းမှုကြောင့် အကျဥ်းသားတစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာဒေသခံများထံမှ သိရသည်။

အကျဥ်းထောင်အတွင်း အကြမ်းဖက်ဖိနှိပ်မှုကို တုန့်ပြန်သောအားဖြင့် ယမန်နေ့ညပိုင်းက မုံရွာမြို့ နေရာ ၆ခုတွင် ဖောက်ခွဲတိုက်ခိုက်မှုများ မုံရွာအခြေစိုက်ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။