Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ (၅) နယ်မြေထဲ စစ်ဘေးရှောင် တစ်သိန်းနီးပါးဟာ စားနပ်ရိက္ခာ အခက်ခဲကြုံနေရ

ကေအဲန်ယူ-မူတြော်ခရိုင်ရဲ့ တာဝန်ရှိခေါင်းဆောင်တွေက စစ်ဘေးရှောင်တွေလိုအပ်တာတွေကို တတ်နိုင်သမျှပံ့ပိုးပေးခဲ့ပေမယ့် စစ်ရှောင်ပြည်သူအရေအတွက်ဟာ အများအပြားတိုးပွားလာတဲ့အတွက် လိုအပ်ချက်တွေအများအပြားရှိတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU တပ်မဟာ (၅) နယ်မြေထဲ စစ်ဘေးရှောင် တစ်သိန်းနီးပါးဟာ စားနပ်ရိက္ခာ အခက်ခဲကြုံနေရ
KNU တပ်မဟာ (၅) နယ်မြေထဲ စစ်ဘေးရှောင် တစ်သိန်းနီးပါးဟာ စားနပ်ရိက္ခာ အခက်ခဲကြုံနေရ

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ မူတြော်ခရိုင် တပ်မဟာ(၅)ထဲမှာ စစ်ဘေးရှောင်ပြည်သူဦးရေ တစ်သိန်းနီးပါအထိ ရှိလာပြီး အခြေခံစားနပ်ရိက္ခာမလုံလောက်တဲ့ပြသနာတွေ ရင်ဆိုင်နေရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ-မူတြော်ခရိုင်နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF)တို့ရဲ့ စစ်ရေးအဆက်မပြတ်လှုပ်ရှားမှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၅)နဲ့ ထိတွေ့ပစ်ခတ်မှုတွေ ရင်ဆိုင်တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားလျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF)တပ်တွေဟာ ပြည်သူလူထုနေထိုင်တဲ့ကျေးရွာတွေ၊ လုပ်ကိုင်စားသောက်တဲ့လုပ်ငန်းခွင်တွေထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လာတာတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီး လူသောမြို့နယ်၊ ဒွယ်လိုးမြို့နယ်နဲ့ ဘူးသိုမြို့နယ်ထဲမှာ စစ်ဘေးရှောင်ပြည်သူဦးရေ(၉၆၁၈၀) အထိ ရှိလာနေပြီဖြစ်တယ်လို့ ကေအဲန်ယူကဆိုထားပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအများစုဟာ မိရိုးဖလာတောင်ယာလုပ်ငန်းနဲ့ လယ်လုပ်ငန်းတွေကို အဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေအဖြစ် လုပ်ကိုင်ကြတဲ့သူတွေဖြစ်ပြီး သူတို့ရဲ့လုပ်ငန်းခွင်တွေကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် အခြေခံရိက္ခာမလုံလောက်တဲ့ ပြသနာတွေကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-မူတြော်ခရိုင်ရဲ့ တာဝန်ရှိခေါင်းဆောင်တွေက စစ်ဘေးရှောင်တွေလိုအပ်တာတွေကို တတ်နိုင်သမျှပံ့ပိုးပေးခဲ့ပေမယ့် စစ်ရှောင်ပြည်သူအရေအတွက်ဟာ အများအပြားတိုးပွားလာတဲ့အတွက် လိုအပ်ချက်တွေအများအပြားရှိတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။